လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

(၂၆.၆.၂၀၂၃)နေ့၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော “ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး” သို့ မွန်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့်အတွင်းရေးမှူးတို့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

(၂၀.၆.၂၀၂၃)နေ့၊ မကွေးတိုင်း၊ မကွေးမြို့၊ တိုင်းလူမှုဝန်ထမ်းရုံးတွင် ကျင်းပပြုလုပ်သော “တိုင်းအမျိုးသမီးကော်မတီအစည်းအဝေး” သို့ မကွေးတိုင်း MWCDF အသင်းမှ အမှုဆောင်တက်ရောက်ဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးနှင့် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခြင်း

အစည်းအဝေးနှင့် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခြင်း

(၂၂.၆.၂၀၂၃)နေ့၊ ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ တိုင်းလူမှုဝန်ထမ်းရုံးတွင် ကျင်းပပြုလုပ်သော “တိုင်း အမျိုးသမီးကော်မတီအစည်းအဝေးနှင့် အမျိုးသမီးများနှင့် အလုပ်အကိုင်အခွင့်အလမ်း ရရှိရေး အလုပ်ရုံဆွေးနွေးပွဲ” သို့ ဧရာဝတီတိုင်း MWCDF အသင်းမှ အတွင်းရေးမှူး တက်ရောက်ဆွေးနွေးခဲ့ပါသည်။

ဆွေးနွေးပွဲတက်ရောက်ခြင်း

ဆွေးနွေးပွဲတက်ရောက်ခြင်း

(၂၀.၆.၂၀၂၃)နေ့၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သော အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆွေးနွေးပွဲသို့ ကချင်ပြည်နယ် MWCDF အသင်းဥက္ကဌမှ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲတက်ရောက်ခြင်း

အလုပ်ရုံဆွေးနွေးပွဲတက်ရောက်ခြင်း

(၈.၆.၂၀၂၃)နေ့၊ ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ကရင်ပြည်နယ်အမျိုးသမီးကော်မတီမှ ကြီးမှူး၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အကြိုလှုပ်ရှားမှုအနေဖြင့် “အမျိုးသမီးများ ဘဝမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ” သို့ ကရင်ပြည်နယ် MWCDF အသင်းမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။