လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း

(၆.၁.၂၀၂၁)ရက်နေ့တွင် ပညာရေးဝန်ကြီးဌာနမှ ဦးဆောင်၍ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်သည့်” အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း (၂၀၂၁-၂၀၃၀)ရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးကို မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ အဖွဲ့ဝင်ဖြစ်သည့် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ခေတ္တဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ စုစုပေါင်း(၇)ဦး တက်ရောက်ခဲ့ကြ ပါသည်။

ကလေးသူငယ်များဆို်ငရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း

ကလေးသူငယ်များဆို်ငရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း

(၃၀.၁၂.၂၀၂၀)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော ကလေးသူငယ်များဆိုင်ရာကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ရန်ကုန်တိုင်း MWCDF အသင်းမှ အတွင်းရေးမှူး  တက်ရောက်ခဲ့ပါသည်။

တိုင်းကလေးသူငယ်အခွင့်အရေးများဆို်ငရာ ကော်မတီအစည်းအဝေးတက်ရောက်ခြင်း

တိုင်းကလေးသူငယ်အခွင့်အရေးများဆို်ငရာ ကော်မတီအစည်းအဝေးတက်ရောက်ခြင်း

(၂၈.၁၂.၂၀၂၀)ရက်နေ့တွင် ပဲခူးတိုင်း၊ ပဲခူးမြို့၌ တိုင်းကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီမှ Online Zoom Meeting ဖြင့် ကျင်းပပြုလုပ်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌမှ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

နှစ်သစ်မင်္ဂလာဆုမွန်စကား

နှစ်သစ်မင်္ဂလာဆုမွန်စကား

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ(၂၁)ရက် မြဝတီရုပ်မြင်သံကြားမှ နှစ်သစ်ဆုမွန်ကောင်း အစီအစဉ် ထုတ်လွှင့်ပြသရန်အတွက် Online(Zoom Application) ဖြင့် ရိုက်ကူးခြင်းအစီအစဉ်တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၏ ကိုယ်စား ဒုဥက္ကဋ္ဌ ဒေါ်စုညွန့်ဦး မှ နှစ်သစ်မင်္ဂလာ ဆုမွန်တောင်းစကားပြောကြားခဲ့စဉ်

Community Covid Volunteer အစည်းအဝေးတက်ရောက်ခြင်း

Community Covid Volunteer အစည်းအဝေးတက်ရောက်ခြင်း

(၁၈.၁၂.၂၀၂၀)ရက်နေ့တွင် လူမှုဝန်ထမ်း၊ကယ်ဆ ယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ Zoom Meeting ဖြင့် ကျင်းပပြုလုပ်သော “ Community Covid Volunteer” လေ့ကျင့်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းကို MWCDF အသင်းမှ တွဲဘက်အတွင်းရေးမှူး(၁)နှင့်(၂)တို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

ရန်ကုန်တိုင်း MWCDF မှ (၁၆)ရက်တာလှုပ်ရှားမှု Online အခမ်းအနားတက်ရောက်ခြင်း

ရန်ကုန်တိုင်း MWCDF မှ (၁၆)ရက်တာလှုပ်ရှားမှု Online အခမ်းအနားတက်ရောက်ခြင်း

(၁၀.၁၂.၂၀၂၀)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီမှ ကျင်းပပြုလုပ်သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု Online အခမ်းအနားသို့ ရန်ကုန်တိုင်း MWCDF အသင်းမှ ဒုဥက္ကဌ နှင့် အတွင်းရေးမှူး တို့တက်ရောက်ခဲ့ပါသည်။