Uncategorized

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၂၀-၇-၂၀၂၅ ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ အမှုဆောင်များနှင့်အသင်းဝင်များမှ ထီးချိုင့်၊ ကသာ၊ ဗန်မော်မြို့များမှ နေရပ်စွန့်ခွါ ကျောင်းသား/သူ (ကျား/မ)စုစုပေါင်း (၄၈)ဦးကို ပုဆိုး၊ ထမီ၊ အချိုရည်၊ လက်ဖက်အကြော်စုံများ၊ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ တန်ဖိုးသင့်ငွေမှာ ၇၈၅,၀၀၀ ကျပ် ဖြစ်ပါသည်။

လပြည့်နေ့လှူဒါန်းခြင်း

လပြည့်နေ့လှူဒါန်းခြင်း

၁၁.၂.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်က‌လေးသူငယ်များ ဘဝမြှင့်တင်‌ရေးအသင်းမှ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည် တပို့တွဲလပြည့်နေ့တွင် မြတ်စွာဘုရားအား ထမနဲဆွမ်းကပ်လှူရန်အတွက် MWCDF မိသားစုများစုပေါင်း၍ ပျော်ပျော်ရွှင်ရွှင်ထမနဲထိုးပွဲအား ဆောင်ရွက်ခဲ့ကြပါသည်။

ဂုဏ်ထူးဆောင် ဆုတံဆိပ်၊ ဂုဏ်ထူးဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်ခြင်း

ဂုဏ်ထူးဆောင် ဆုတံဆိပ်၊ ဂုဏ်ထူးဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်ခြင်း

(၁၂.၂.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဥက္ကဌသည် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျင်းပပြုလုပ်သောတိုင်းဒေသကြီး ဂုဏ်ထူးဆောင်ဆုတံဆိပ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားသို့တက်ရောက်ပြီး တိုင်း MWCDFအသင်း ဥက္ကဌအား လူမှုထူးချွန် ပထမအဆင့် ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခြင်းခံရသည့်အတွက် ဆုလက်ခံရယူခဲ့ပါသည်။

စစ်ဘေးရှောင် ကျောင်းသူ/သားများအတွက် စာရေးကိရိယာများ သွားရောက်လှူဒါန်းခြင်း

(၁၁.၁၂.၂၀၂၃)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် (၇)ဦး တို့သည် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ညောင်ရွှေမြို့နယ်၊ အင်းလေး‌ဒေသ အ.ထ.က မိုင်းသောက်တွင် လာရောက်ပညာသင်ကြားလျှက်ရှိသော ကယားပြည်နယ်မှ စစ်ဘေးရှောင် ကျောင်းသား/သူများအတွက် အသင်းဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များ သွားရောက်လှူဒါန်းခဲ့ပါသည်။

ပညာဥယျဉ် ဓမ္မလုံးကောင် ဘုန်းတော်ကြီးသင်ပရဟိတ ကျောင်းသို့သွားရောက်ကာ ကျောင်းသားများအတွက်လိုအပ်သည်များ ကူညီထောက်ပံ့ခြင်း

ပညာဥယျဉ် ဓမ္မလုံးကောင် ဘုန်းတော်ကြီးသင်ပရဟိတ ကျောင်းသို့သွားရောက်ကာ ကျောင်းသားများအတွက်လိုအပ်သည်များ ကူညီထောက်ပံ့ခြင်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (ရှမ်းပြည်တောင်ပိုင်း) အသင်းမှဥက္ကဌ သုဓမ္မသိင်္ဂီဒေါ်ကေသီအောင်ဒုဥက္ကဌ အလုပ်မှုဆောင်များ ဦးဆောင်ကာ ပညာဥယျဉ် ဓမ္မလုံးကောင် ဘုန်းတော်ကြီးသင်ပရဟိတ ကျောင်းသို့သွားရောက်ကာ ကျောင်းသားများအတွက် စာမေးပွဲဖြေခါနီး ကလေးများ၏တစ်ကိုယ်ရည်သန့်ရှင်းရေး နှင့်ရာသီဥတုဒဏ်ကြောင့်အသားကွဲနေသောကလေးများကို အလှဆီလိမ်းပေးခြင်း /လက်သဲညှပ်ပေးခြင်း/ဆံပင်ညှပ်ပေးခြင်း/ဖျားနာကလေးငယ်များကို ဆေးပေးခြင်း ဆပ်ပြာနှင့်အလှဆီများလှုဒါန်းခြင်းအားဆေးတိုက်ကျွေးခြင်း မုန့်များကျွေးမွေးခြင်းများပြုလုပ်ခဲ့ကာ လက်ဆေးခြင်းအသိပညာအကြောင်း ဟောပြောခဲ့ပါသည်လိုအပ်နေသောကွက်လပ်ကလေးကလေးကို ဝိုင်းဝန်းဖြည့်ဆည်းပေးပါသောမျိုးဆက်သစ်လူငယ် အယောက် (၄၀) ကျော်ကိုအထူးကျေးဇူးတင်ဂုဏ်ယူပါသည်“ လုံခြုံလှပဘဝများအမျိုးသမီးနှင့်ကလေးတိုင်းရစေသား”

ရင်သားကင်ဆာ ကာကွယ်ရေးအတွက် ကနဦး စမ်းသပ်စစ်ဆေးခြင်းဆိုင်ရာ အသိပညာပေး” သင်တန်းကျင်းပပြုလုပ်ခြင်း

ရင်သားကင်ဆာ ကာကွယ်ရေးအတွက် ကနဦး စမ်းသပ်စစ်ဆေးခြင်းဆိုင်ရာ အသိပညာပေး”  သင်တန်းကျင်းပပြုလုပ်ခြင်း

နေပြည်တော်၊MWCDF ရုံးချုပ်တွင် ဒီဇင်ဘာလ(၂၃)ရက်နေ့ နံနက်(၁၀)နာရီအချိန်က မြန်မာနိုင်ငံ အမျိုးသမီး များနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဦးဆောင်ပြီး ရွွှေရောင်နှင်းဆီကင်ဆာဖောင်ဒေး ရှင်းနှင့်ပူးပေါင်း၍ အမျိုးသမီးကျန်းမာရေး ကဏ္ဍနှင့် ပတ်သက်သော “ ရင်သားကင်ဆာ ကာကွယ်ရေး အတွက် ကနဦး စမ်းသပ်စစ်ဆေးခြင်းဆိုင်ရာ” ခေါင်းစဉ်ဖြင့် အသိပညာပေးသင်တန်းအား ကျင်းပပြု လုပ်ခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နှင့် CECများ၊ ရန်ကုန်တိုင်း MWCDFအသင်းမှ သင်ကြားပေးမည့် အဖွဲ့ဝင် ဆရာမများနှင့် သင်တန်းသူ(၃၆)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင်