ရင်သားကင်ဆာ ကာကွယ်ရေးအတွက် ကနဦး စမ်းသပ်စစ်ဆေးခြင်းဆိုင်ရာ အသိပညာပေး” သင်တန်းကျင်းပပြုလုပ်ခြင်း

နေပြည်တော်၊MWCDF ရုံးချုပ်တွင် ဒီဇင်ဘာလ(၂၃)ရက်နေ့ နံနက်(၁၀)နာရီအချိန်က မြန်မာနိုင်ငံ အမျိုးသမီး များနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဦးဆောင်ပြီး ရွွှေရောင်နှင်းဆီကင်ဆာဖောင်ဒေး ရှင်းနှင့်ပူးပေါင်း၍ အမျိုးသမီးကျန်းမာရေး ကဏ္ဍနှင့် ပတ်သက်သော “ ရင်သားကင်ဆာ ကာကွယ်ရေး အတွက် ကနဦး စမ်းသပ်စစ်ဆေးခြင်းဆိုင်ရာ” ခေါင်းစဉ်ဖြင့် အသိပညာပေးသင်တန်းအား ကျင်းပပြု လုပ်ခဲ့ပါသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နှင့် CECများ၊ ရန်ကုန်တိုင်း MWCDFအသင်းမှ သင်ကြားပေးမည့် အဖွဲ့ဝင် ဆရာမများနှင့် သင်တန်းသူ(၃၆)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်း(MWCDF)ဥက္ကဌ ဒေါက်တာဒေါ်ဝေဝေသာမှ အဖွင့်အမှာစကားပြောကြားပြီး သင်တန်းတွင် သင်ကြားပေးမည့် ဆရာမများမှ မိတ်ဆက်စကားပြောကြားခြင်းနှင့် မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ပြီး သင်တန်းအား စတင်သင်ကြားခဲ့ပါသည်။

ဆက်လက်ပြီး အလုပ်အမှုဆောင် ဒေါက်တာဒေါ်ကြူကြူအေးမှ ရင်သားကင်ဆာနှင့်ပတ်သက်သော ကနဦး စမ်းသပ်စစ်ဆေးခြင်းဆိုင်ရာကိစ္စများကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပါသည်။ သင်တန်း အား စာတွေ့လက်တွေ့ သင်ကြားပို့ချခြင်း၊ အဖွဲ့လိုက်စကားဝိုင်းများဖြင့် ဆွေးနွေးခြင်း၊ မေးခွန်းများ မေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်း၊ အသင်းတွင်ပါရှိသော ဆရာဝန်များဖြင့် စမ်းသပ်ပေးခြင်း၊ ဗဟု သုတရရှိအောင်ပြော ဆိုဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ ဒုဥက္ကဋ္ဌ ဒေါ်သူဇာဝေမှ သင်ကြားပေးသော ဆရာမများနှင့် သင်တန်းတက်ရောက်လာသူများအား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး သင်တန်းတွင် သင်ကြားပေးသော ဆရာမများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ပါသည်။

၎င်းနောက် သင်တန်းတက်ရောက်လာသော သင်တန်းသူများ၏ ကိုယ်စား သင်တန်းသူ(၁)ဦး မှလည်း ကျေးဇူးတင်စကားပြောကြားပြီး အခမ်း အနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

ရင်သားကင်ဆာ ကာကွယ်ရေးအတွက် ကနဦး စမ်းသပ်စစ်ဆေးခြင်းဆိုင်ရာ အသိပညာပေး” သင်တန်းကျင်းပပြုလုပ်ခြင်း
%d bloggers like this: