Uncategorized

မသန်စွမ်းသီတင်းပတ်(၇)ရက်တာလှုပ်ရှားမှု လူထုလမ်းလျှောက်ပွဲသို့ ပူးပေါင်းပါဝင်ခြင်း

မသန်စွမ်းသီတင်းပတ်(၇)ရက်တာလှုပ်ရှားမှု လူထုလမ်းလျှောက်ပွဲသို့ ပူးပေါင်းပါဝင်ခြင်း

(၁.၁၂.၂၀၁၉)ရက်နေ့၊ နံနက်(၀၆:ဝဝ)နာရီတွင် ၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းနေ့ကို ဂုဏ်ပြုသောအားဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြုလုပ်သော မသန်စွမ်းသီတင်းပတ်(၇)ရက်တာလှုပ်ရှားမှု လူထုလမ်းလျှောက်ပွဲတွင် MWCDF (ဗဟို)ရုံးအဖွဲ့နှင့် နေပြည်တော်တိုင်း MWCDF အဖွဲ့တို့မှ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းပါဝင် လှုပ်ရှားခဲ့ပါသည်။ “ အတားအဆီးကင်းရေး မျှော်မှန်းလို့ မသန်စွမ်းလူ့ အခွင့်အရေး ဖော်ဆောင်စို.”

အမျိုးသမီးများအကြမ်းဖက်ပပျောက်ရေးလှုပ်ရှားမှုအခမ်းအနား သို့ တက်ရောက်ခြင်း

အမျိုးသမီးများအကြမ်းဖက်ပပျောက်ရေးလှုပ်ရှားမှုအခမ်းအနား သို့ တက်ရောက်ခြင်း

ရန်ကုန်တိုင်းအမျိုးသမီးကော်မတီ မှကျင်းပပြုလုပ်သော အမျိုးသမီးများအကြမ်းဖက်ပပျောက်ရေးလှုပ်ရှားမှုအခမ်းအနား သို့ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)ရန်ကုန်တိုင်းမှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များတက်ရောက်ခဲ့ကြပြီး အလှူငွေ (၂)သိန်းပေးအပ်လှူဒါန်းခဲ့ကြပါသည်။

ဆိုလာပန့်စက်ရေတွင်းအောင်မြင်စွာ တူးဖော်ပြီးစီးခြင်း

ဆိုလာပန့်စက်ရေတွင်းအောင်မြင်စွာ တူးဖော်ပြီးစီးခြင်း

မကွေးတိုင်းMWCDFအသင်းနှင့် Sowers Action ဟောင်ကောင်အဖွဲ့တို့ပူးပေါင်း၍မကွေးမြို့နယ် အလယ်ဘို(အ.ထ.က ခွဲ)ကျောင်းတွင် ဆိုလာပန့်စက်ရေတွင်းကို(၂၇၊၁၁၊၂၀၁၉)နေ့တွင် အောင်မြင်စွာ တူးဖော်ပြီးစီးပြီ ဖြစ်၍ သောက်သုံးရေများ စတင်အသုံးပြုနိုင်ပြီဖြစ်ပါ သည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခြင်း

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခြင်း

(၂၅.၁၁.၂၀၁၉)ရက်နေ့တွင် မွန်ပြည်နယ်၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့် တင်ရေးအသင်း(MWCDF)မှ ဥက္ကဋ္ဌ နှင့်် အဖွဲ့ဝင်တို့သည် မွန်ပြည်နယ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုး သမီးကော်မတီက ကျင်းပပြုလုပ်သော ၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက် ခဲ့ပါသည်။ ယခုနှစ်၏ ဆောင်ပုဒ်မှာ “ မုဒိမ်းမှုများ တားဆီးဖို့၊ မုဒိမ်းမှုများ ပပျောက်ဖို့ အားလုံး ပူးပေါင်းဆောင်ရွက် ကြပါစို့” ဖြစ်ပါတယ်။

၂၀၁၉ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခြင်း

၂၀၁၉ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခြင်း

(၂၅.၁၁.၂၀၁၉)ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများ နှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF )မှ အတွင်းရေးမှူးနှင့် အဖွဲ့သည် နေပြည်တော်၊ မင်္ဂလာ သီရိဟိုတယ်၌ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ် သော ၂၀၁၉ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ဆန်၊ ဆီ၊ စားသောက်စရာများ ထောက်ပံ့ပေးခြင်း

ဆန်၊ ဆီ၊ စားသောက်စရာများ ထောက်ပံ့ပေးခြင်း

(၂၄.၁၁.၂၀၁၉)ရက်နေ့ မအူလေးပင်ကျေးရွာမှMWCDF အသင်းအဖွဲ့ဝင်တို့သည် ကျေးရွာတွင်အသင်းမှ ကူညီစောင့်ရှောက်လျက်ရှိသော မသန်စွမ်း ညီမ(၂)ဦး နေအိမ်သို့သွားရောက်၍ ဆန်၊ ဆီ၊ စားသောက်စရာများ ထောက်ပံ့ပေးခဲ့ပါသည်။