(၃၇)ကြိမ်မြောက်ဗဟိုအလုပ်အမှုဆောင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခြင်း

(၁၆.၁၂.၂၀၁၉)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများ နှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(ရုံးချုပ်)၌ (၃၇)ကြိမ်မြောက်ဗဟိုအလုပ်အမှုဆောင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင်-

*အသင်းဥက္ကဋ္ဌ ဒေါက်တာဒေါ်ဝေဝေသာမှ အဖွင့်အမှာ စကားပြောကြားခြင်း၊

*(၃၆)ကြိမ်မြောက် အစည်းအဝေးမှ လုပ်ဆောင်ပြီးစီးမှု များအား CECများ မှ ဆွေးနွေးတင်ပြခြင်း၊

*အသင်း၏ ဆောင်ရွက်ချက်များ၊ ငွေစာရင်းနှင့် ဘတ်ဂျက်လျာထားမှု၊ Project များနှင့် အစည်း အဝေးကိစ္စများ၊ တက်ရောက်ခဲ့သော အစည်းအဝေး များ၏ ဆွေးနွေးချက်များအား ရှင်းလင်းပြောကြားခြင်း၊

* အသင်း၏ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ အကြောင်းအား CECများမှ ဆွေးနွေးဆုံးဖြတ်ခြင်းနှင့်

*အသင်း ဥက္ကဋ္ဌ မှ နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးအား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

(၃၇)ကြိမ်မြောက်ဗဟိုအလုပ်အမှုဆောင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခြင်း
%d bloggers like this: