Myanmar

ချင်းရွာ၊ အ.မ.က(၃)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ချင်းရွာ၊ အ.မ.က(၃)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၁၃.၇.၂၀၁၈)နေ့တွင် MWCDFအသင်းမှ ဒုတိယဥက္ကဋ္ဌ(၂)ဦး၊ အတွင်းရေးမှူးနှင့် CECများသည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ချင်းရွာ အ.မ.က(၃)ကျောင်းသို့ သွားရောက်၍ ဆရာ/ ဆရာမများနှင့် တွေ့ဆုံပြီး စာရေးကိရိယာများ၊ သင်ထောက်ကူပစ္စည်းများ၊ ပိုစတာများ၊ ပေးအပ်လှူဒါန်းခဲ့ပြီး KGတန်းနှင့် ပထမတန်းရှိ ကျောင်းသား/သူ(၆၀)ဦးအား ကျောင်းဝတ်စုံ၊ ဗလာစာအုပ်နှင့် ပဲနို့များ၊ ဒုတိယတန်းမှ စတုတ္ထတန်းရှိ ကျောင်းသား/သူ(၉၅)ဦးအား ဗလာစာအုပ်၊ ပဲနို့များ တစ်ဦးချင််းစီ ကိုယ်တိုင်ကိုယ်ရောက် ပေးအပ်လှူဒါန်းခဲ့ပါသည်။

မအူလေးပင်ကျေးရွာသို့ သွားရောက်လှူဒါန်းခြင်း

မအူလေးပင်ကျေးရွာသို့ သွားရောက်လှူဒါန်းခြင်း

(၁၁.၇.၂၀၁၈)နေ့တွင် MWCDFအသင်းမှ CECများသည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းအုပ်စု၊ မအူလေးပင်ကျေးရွာသို့ သွားရောက်၍ ကျေးရွာစာကြည့်တိုက်တွင် ကျေးရွာအသင်းအဖွဲ့ဝင်များနှင့်တွေ့ဆုံကာ အသင်းဝတ်စုံများ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် အလှူရှင် ဦးတင်ဦးလွင်+ဒေါ်မေမြင့်မောင် မိသားစုမှ အဖွဲ့ဝင်(၃)ဦးအတွက် ဘုရားဆင်းတု တော်များပေးအပ်လှူဒါန်းခဲ့ပြီး အလှူရှင်မှ သားဖြစ်သူ မောင်ဇွဲဇာနည်မင်းသန့်စင်(ခ) John Walter(၁၂)ပြည့်မွေးနေ့အလှူ မအူလေးပင်ကျေးရွာ အလယ်တန်းကျောင်းမှ ကျောင်းသား/သူ(၃၈၂)ဦးအား (၁၈.၇.၂၀၁၇)ရက်နေ့တွင် သာကူကျို တိုက်ကျွေးကုသိုလ်ပြုရန် အလှူငွေ(၅၀,၀၀၀)ကျပ်အား အဖွဲ့ဝင်များထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ အဖွဲ့ဝင်များသည် အသင်းမှ ကူညီထောက်ပံ့လျက်ရှိသော မသန်စွမ်းညီမ(၂)ဦး နေအိမ်သို့ သွားရောက်၍

အ.လ.က မအူလေးပင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

အ.လ.က မအူလေးပင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၁၁.၇.၂၀၁၈)နေ့တွင် MWCDFအသင်းမှ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် CECများသည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းအုပ်စု၊ မအူလေးပင်ကျေးရွာ၊ အလယ်တန်းကျာင်းသို့ သွားရောက်ခဲ့ပါသည်။ ထိုကျောင်းတွင် အသင်းမှ ဆရာမ(၉)ဦးအတွက် ကျောင်းစိမ်းလုံချည်နှင့် ကျောင်းသား/သူ(၃၈၂)ဦးအတွက် ဗလာစာအုပ်(၃ဝ)ဒါဇင်၊ ပဲနို့ဗူးများအား လည်းကောင်း၊ အလှူရှင်- ဦးတင်ဦးလွင်+ဒေါ်မေမြင့်မောင် (မိသားစု)မှ ဆရာမ(၉)ဦးအတွက် ဘုရားဆင်းတုတော်(၉)ဆူအား လည်းကောင်း၊ အလှူရှင် ဦးသူရိန်ဝင်း+ဒေါ်မီမီအေး (မိသားစု)မှ KGတန်းနှင့် ပထမတန်းတွင် ပညာသင်ကြားနေသော ကျောင်းသား/သူ(၇၅)ဦးအတွက် ကျောင်းဝတ်စုံများအားလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ပါသည်။

ရတနာစံပြ(ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ရတနာစံပြ(ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၁၁.၇.၂၀၁၈)နေ့တွင် MWCDFအသင်းမှ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် CECများသည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရတနာစံပြ (ဘ.က)ကျောင်းသို့ သွားရောက်ခဲ့ကာ အသင်းမှ ဆောက်လုပ်လှူဒါန်းထားသော ကုသိုလ်ဖြစ်ဆေးခန်းအတွက် လိုအပ်နေသော Partition လိုက်ကာများအား လှူဒါန်းခြင်း၊ ဆရာတော်အား အသင်းမှ ဝါဆိုသင်္ကန်း၊ ကျောင်းသား/သူများအတွက် ဗလာစာအုပ် ဒါဇင်(၂၀)၊ ဆရာ/ဆရာမ(၉)ဦးအတွက် ရှပ်အကျႌအဖြူနှင့် ကျောင်းစိမ်းလုံချည်များ လှူဒါန်းခြင်း၊ အလှူရှင်CECများမှ အလှူငွေ-(၆၅,၀၀၀)ကျပ်နှင့် ဘုရားပန်းများအား ဆရာတော်ထံ ကပ်လှူခြင်း၊ ဦးတင်ဦးလွင်+ဒေါ်မေမြင့်မောင် (မိသားစု)မှ ဆရာ/ဆရာမ(၉)ဦးအတွက် ဘုရားဆင်းတုတော်(၉)ဆူ အား ပေးအပ်လှူဒါန်းခြင်း၊ အလှူရှင် မောင်ဇွဲဇာနည်မင်းသန့်(ခ)

မိတ်ဖက်အဖွဲ့အစည်းများမှ ဖိတ်ကြားသော အခမ်းအနားသို့တက်ရောက်ခြင်း

မိတ်ဖက်အဖွဲ့အစည်းများမှ ဖိတ်ကြားသော အခမ်းအနားသို့တက်ရောက်ခြင်း

(၉.၇.၂၀၁၈)နေ့တွင် MWCDFအသင်းမှ ဘဏ္ဍာရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းတို့ ပူးပေါင်းဆောင်ရွက်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

MMCWA အသင်းမှဖိတ်ကြားသော သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတက်ရောက်ခြင်း

MMCWA အသင်းမှဖိတ်ကြားသော သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတက်ရောက်ခြင်း

(၅.၇.၂၀၁၈)နေ့တွင် MWCDFအသင်းမှ အတွင်းရေးမှူးနှင့်ဗဟိုအလုပ်အမှုဆောင်များသည် နေပြည်တော်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကျင်းပပြုလုပ်သော မိုးရာသီသစ်ပင်စိုက်ပွဲ အခမ်းအနားသို့ တက်ရောက်ကာ မိတ်ဘက်အဖွဲ့အစည်းများနှင့်အတူ အမှတ်တရသစ်ပင်များ စိုက်ပျိုးခဲ့ကြပါသည်။