Myanmar

NSPAW အစည်းအဝေးတက်ရောက်ခြင်း

NSPAW အစည်းအဝေးတက်ရောက်ခြင်း

(၂၂.၆.၂၀၁၈)နေ့တွင် MWCDFအသင်းမှ ဘဏ္ဍာရေးမှူးနှင့် CECတို့သည် နေပြည်တော်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ နေ့လည်(၁းဝ၀)နာရီမှ ညနေ(၅းဝ၀) ထိ ကျင်းပပြုလုပ်သော အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(၂၀၁၃-၂၀၂၂)၊ NSPAW နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့(၄)ဖွဲ့နှင့်ပတ်သက်၍ (၆)လတာ လုပ်ငန်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ရေး အစည်းအဝေးသို့ တက်ရောက်ခဲ့ကြပါသည်။

လူမှုဝန်ထမ်းဦးစီးဌာနမှ မြန်မာအမျိုးသမီးများနေ့ကျင်းပရေးအတွက် ဖိတ်ကြားသော ညှိနိုင်းဆွေးနွေးပွဲသို့တက်ရောက်ခြင်း

လူမှုဝန်ထမ်းဦးစီးဌာနမှ မြန်မာအမျိုးသမီးများနေ့ကျင်းပရေးအတွက် ဖိတ်ကြားသော ညှိနိုင်းဆွေးနွေးပွဲသို့တက်ရောက်ခြင်း

(၂၂.၆.၂၀၁၈)နေ့တွင် MWCDFအသင်းမှ ဒုဥက္ကဌ နှင့် CECတို့သည် နေပြည်တော်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီမှ ၂၀၁၈ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် “ မြန်မာအမျိုးသမီးများနေ့” အခမ်းအနားကျင်းပရာတွင် ပါဝင်နိုင်ရေးအတွက် ပြုလုပ်သော ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ကြပါသည်။

ပဲခူးတိုင်း MWCDF အသင်းအဖွဲ့ဝင်များမှ Activity များလှုပ်ရှားဆောင်ရွက်မှု

ပဲခူးတိုင်း MWCDF အသင်းအဖွဲ့ဝင်များမှ Activity များလှုပ်ရှားဆောင်ရွက်မှု

(၂၀.၆.၂၀၁၈)နေ့တွင် ပဲခူးတိုင်းမှ MWCDFအဖွဲ့ဝင်များသည် ပဲခူးမြို့၊ သဓ္ဒမ္မဂုဏ်ရည် သီလရှင်စာသင်တိုက်သို့ သွားရောက်ခဲ့ပြီး သီလရှင်စာသင်တိုက်အတွက် စားဆီ(၁၀)ပိသာ၊ ဆန်(၁)အိတ်၊ ကြက်သွန်နီ(၁) အိတ်နှင့် ဝတ္ထုငွေ(၅၀,၀၀၀)ကျပ်အား ပေးလှူခဲ့ပါသည်။ ၎င်းနောက် ပဲခူးတိုင်း၊ MWCDFအဖွဲ့ဝင်များသည် ပဲခူးမြို့၊ အခြေခံပညာမူလတန်းလွန်ကျောင်း၊ ဥဿာ(၆)သို့ သွားရောက်၍ ကျောင်းတွင်ရှိသော ကျောင်းသား/သူ(၁၂၃)ဦးအတွက် လက်ရေးလှစာအုပ်များ၊ ဗလာစာအုပ်များ၊ အရောင်ခြယ်စာအုပ်များ၊ ကျောင်းစိမ်းလုံချည်(၃၀)ထည်၊ ကျောင်းစိမ်းဘောင်းဘီ(၄၃)ထည်၊ ကျောင်းစိမ်းမဝတ်ဂါဝန်(၅၂)ထည် စုစုပေါင်းတန်ဖိုး-(၂၈၆,၉၅၀)ကျပ်ဘိုး ပေးအပ်လှူဒါန်းခဲ့ပြီး ကျောင်းသား/သူများအား စာရေးဆရာမ ဒေါ်ဝတ်ရည်ခင်မှ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူမှုရေးအန္တရာယ်အကြောင်း သိကောင်းစရာများအား ဟောပြောပို့ချခဲ့ပါသည်။ ထို့နောက် စွန့်ပစ်ကလေးငယ်တစ်ဦးအား ပဲခူးတိုင်း

ကရင်ပြည်နယ်၊ မြိုင်ကြီးငူဒေသရှိ ယာယီစစ်ရှောင်စခန်းသို့သွားရောက်လှူဒါန်းမှု

ကရင်ပြည်နယ်၊ မြိုင်ကြီးငူဒေသရှိ ယာယီစစ်ရှောင်စခန်းသို့သွားရောက်လှူဒါန်းမှု

ကရင်ပြည်နယ်၊ MWCDFအဖွဲ့ဝင်(၉)ဦးသည် (၂၄.၆.၂၀၁၈)နေ့တွင် လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ၊ ယာယီစစ်ရှောင်စခန်းသို့သွားရောက်၍ မြတ်ပန်းဝတ်မှုံခန်းမတွင် ကျောင်းသား/သူများအတွက် ဆန်(၁၄)အိတ်၊ ကျောင်းဝတ်စုံများ၊ ဗလာစာအုပ်များ၊ ဆိုလာမီးအိမ်များ၊ အနွေးထည်များ၊ စုစုပေါင်း- (၆၂၄,၅၀၀)ကျပ်ဘိုးအား ပေးအပ်လှူဒါန်းခဲ့ပါသည်။

မွန်ပြည်ပြည်နယ်၊ မော်လမြိုင်မြို့ ရေဘေးကယ်ဆယ်ရေးစခန်းသို့ သွားရောက်လှူဒါန်းမှု

မွန်ပြည်ပြည်နယ်၊ မော်လမြိုင်မြို့ ရေဘေးကယ်ဆယ်ရေးစခန်းသို့ သွားရောက်လှူဒါန်းမှု

(၁၈.၆.၂၀၁၈)နေ့တွင် မွန်ပြည်နယ် MWCDFအသင်းမှ အဖွဲ့ဝင်များသည် မော်လမြိုင်မြို့လှိုင်ရပ်ကွက်နှင့် သာယာအေးရပ်ကွက်တွင် ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေးစခန်းသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူ(၉၂၀)ဦးအတွက် ခေါက်ဆွဲခြောက်များ၊ ပူတင်းပေါင်မုန့်များ၊ ရေသန့့်ဘူးများ စုစုပေါင်းတန်ဘိုး-(၁၂၀,၅၀၀)ကျပ်အား ပြည်နယ် MMCWA၊ MWAF အသင်းတို့နှင့်ပူးပေါင်း၍ လှူဒါန်းခဲ့ကြပါသည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် MWCDFအသင်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ကွင်းဆင်းသွားရောက်လှူဒါန်းမှု

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် MWCDFအသင်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ကွင်းဆင်းသွားရောက်လှူဒါန်းမှု

MWCDFအသင်းမှ ဥက္ကဋ္ဌနှင့်CECများသည် (၁၁.၆.၂၀၁၈)နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ မှထွက်ခွာလာပြီး မွန်ပြည်နယ်၊ မော်လမြိုင်မြို့သို့ ရောက်ရှိခဲ့ပါသည်။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ Southern Football Club အစည်းအဝေးခန်းမတွင် စုဖွဲ့ထားသော အသင်းအဖွဲ့ဝင်များ စုစုပေါင်း(၁၉)ဦးနှင့်တွေ့ဆုံခဲ့ပြီး တက်ရောက်လာသူများနှင့် တစ်ဦးချင်းမိတ်ဆက်စကားပြောကြားပြီး အသင်းဥက္ကဋ္ဌ မှ အသင်းဖွဲ့စည်းခြင်းအကြောင်း၊ အမျိုးသမီးများနှင့်ကလေးများ၏ ဘဝများကိုထိရောက်စွာ အကူအညီပေးနိုင်ရန် ယခုလိုပြည်နယ်အဖွဲ့ ဖွဲ့စည်းရခြင်းဖြစ်ကြောင်း၊ မြို့နယ်/ကျေးရွာအဆင့်ထိ ဆက်လက်ဖွဲ့စည်းရမည် ဖြစ်ကြောင်း၊ အမျိုးသမီးနှင့်ကလေးများအတွက် စုပေါင်းပြီး လိုအပ်သောကွက်လပ်များ ဖြည့်ဆည်းပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တွဲဘက်အတွင်းရေးမှူးများနှင့် CECများမှ အသင်း၏