Myanmar

၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားတက်ရောက်ခြင်း

၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားတက်ရောက်ခြင်း

(၈.၃.၂၀၂၃)နေ့တွင် နေပြည်တော်၊ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီမှ “၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့” အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ရာ MWCDF အသင်းမှ ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူး နှင့် CEC များ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် အသင်းမှ အမျိုးသမီးကဏ္ဍအတွက် လှုပ်ရှားဆောင်ရွက်ခဲ့သည့် မှတ်တမ်းဓါတ်ပုံများ နှင့် အမျိုးသမီးများ အသက်မွေးဝမ်းကျောင်းမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်အတွက် MWCDF အသင်းနှင့် Earth Vocational Training Center တို့ ပူးပေါင်းဖွင့်လှစ်သည့် ကြိမ်၊ ဝါး လက်မှု

အမျိုးသမီးများ ဘဝမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ပါဝင်ပြီး ဆုငွေချီးမြှင့်ခြင်း

အမျိုးသမီးများ ဘဝမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ပါဝင်ပြီး ဆုငွေချီးမြှင့်ခြင်း

(၁.၃.၃.၂၀၂၃ မှ ၃.၃.၂၀၂၃)ရက်နေ့အထိ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပြည်နယ်လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကချင်ပြည်နယ်အမျိုးသမီးကော်မတီမှ ဦးဆောင်၍ ကျင်းပသော “အမျိုးသမီးများ ဘဝမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ (၁/၂၀၂၃)” တွင် ကချင်ပြည်နယ် MWCDF အသင်းဥက္ကဌတက်ရောက်ခဲ့ပါသည်။

စံဇေတဝန်ပရဟိတမိဘမဲ့ကလေးများစောင့်ရှောက်ရေးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

စံဇေတဝန်ပရဟိတမိဘမဲ့ကလေးများစောင့်ရှောက်ရေးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂.၃.၂၀၂၃)နေ့တွင် ဧရာဝတီတိုင်း MWCDF အသင်းမှ ဥက္ကဌနှင့်အဖွဲ့ဝင်များသည် ကန်ကြီးထောင့်မြို့၊ အမှတ်(၁)ရပ်ကွက်၊ စံဇေတဝန်ပရဟိတမိဘမဲ့ကလေးများ စောင့်ရှောက်ရေးကျောင်းတွင် နံနက်စာ အာဟာရထမင်းဟင်းဒါနပြုကျွေးမွေးလှူဒါန်းပြီး ဆရာတော်အား နဝကမ္မအလှူငွေနှင့် မုန့်များ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ပဲတီပင်ပေါက် ဖောက်နည်းသင်ကြားခြင်း

ပဲတီပင်ပေါက် ဖောက်နည်းသင်ကြားခြင်း

(၂၇.၂.၂၀၂၃)နေ့တွင် ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များသည် ဈေးသည်လေးများနှင့် အရင်းအနှီးမရှိသူလေးများ(၅)ဦးအား ပဲတီပင်ပေါက်ဖောက်နည်းအား စာတွေ့/လက်တွေ့အိမ်တိုင်ရာရောက် သင်ကြားပေးပြီး မတည်ငွေများ ထောက်ပံ့ပေးခဲ့ပါသည်။ 

ကျုံးတောင့် ဝိပသနာကျောင်းတိုက်သို့ သွားရောက်လှူဒါန်းခြင်း

ကျုံးတောင့် ဝိပသနာကျောင်းတိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၇.၂.၂၀၂၃)နေ့တွင် ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များသည် ပဲခူးမြို့၊ ကျုံးတောင့် ဝိပသနာကျောင်းတိုက်ရှိ သီလရှင်ဆရာကြီးနှင့် ဆရာလေးများအား သီလရှင်ဝတ်စုံ၊ ထီး၊ အိတ်၊ ခြေသုတ်ခုံများ လှူဒါန်းပြီး ရွှေရင်အေးနှင့် နေ့ဆွမ်း ကပ်လှူခဲ့ပါသည်။

ပန်းကြယ်သီးသင်တန်းတွင် ပံ့ပိုးကူညီမှု

ပန်းကြယ်သီးသင်တန်းတွင် ပံ့ပိုးကူညီမှု

မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ မကွေးမီလီ(နယ်ရုံးခွဲ)၏ ဦးဆောင်မှုဖြင့် မကွေးတိုင်းအတွင်းရှိ မကွေး၊ မင်းဘူး၊ ပွင့်ဖြူ၊ ရေနံချောင်းမြို့နယ်များမှ ကိုယ်အင်္ဂါ၊ အပြော၊ အကြားမသန်စွမ်းသူ (၇)ဦးအား (၂၅.၂.၂၀၂၃ မှ ၁.၃.၂၀၂၃)ရက်နေ့အထိ (၅)ရက်တိုင်တိုင် ဖွင့်လှစ်သင်ကြားပေးသော ပန်းကြယ်သီးသင်တန်းတွင် မကွေးတိုင်း MWCDF အသင်း ဥက္ကဌမှ နေ့စဉ်ပံ့ပိုးကူညီမှုပြုလုပ်ခဲ့ပြီး သင်တန်းအတွက် အလှူငွေ လှူဒါန်းခဲ့ပါသည်။