၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားတက်ရောက်ခြင်း

(၈.၃.၂၀၂၃)နေ့တွင် နေပြည်တော်၊ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီမှ “၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့” အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ရာ MWCDF အသင်းမှ ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူး နှင့် CEC များ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် အသင်းမှ အမျိုးသမီးကဏ္ဍအတွက် လှုပ်ရှားဆောင်ရွက်ခဲ့သည့် မှတ်တမ်းဓါတ်ပုံများ နှင့် အမျိုးသမီးများ အသက်မွေးဝမ်းကျောင်းမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်အတွက် MWCDF အသင်းနှင့် Earth Vocational Training Center တို့ ပူးပေါင်းဖွင့်လှစ်သည့် ကြိမ်၊ ဝါး လက်မှု အနုပညာသင်တန်းမှ ရရှိသည့် ပစ္စည်းများ ပါဝင်ပြသခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားတက်ရောက်ခြင်း
%d bloggers like this: