ဂရုဏာပရဟိတကျောင်းအတွက် လှူဒါန်းခြင်း

(၅.၆.၂၀၂၂)နေ့တွင် ရန်ကုန်တိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်တို့သည် ပုလဲမြို့သစ်၊ ဂရုဏာပရဟိတကျောင်းအတွက် ဆရာတော်ထံ နဝကမ္မဝတ္ထုငွေ၊ ဆွမ်းစရိတ်နှင့် သင်္ကန်း၊ ဆန်၊ ဆီ၊ ဆိုလာများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
Myanmar Women and Children Development Foundation

(၅.၆.၂၀၂၂)နေ့တွင် ရန်ကုန်တိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်တို့သည် ပုလဲမြို့သစ်၊ ဂရုဏာပရဟိတကျောင်းအတွက် ဆရာတော်ထံ နဝကမ္မဝတ္ထုငွေ၊ ဆွမ်းစရိတ်နှင့် သင်္ကန်း၊ ဆန်၊ ဆီ၊ ဆိုလာများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

(၅.၆.၂၀၂၂)နေ့တွင် ရန်ကုန်တိုင်း MWCDF အသင်းမှ ဗဟို၏ လမ်းညွှန်မှုဖြင့် ပုလဲမြို့သစ်၊ ဂရုဏာပရဟိတကျောင်း၌ “မေတ္တာကမ္ဘာပျိုးထောင်ရာ” အစီအစဉ်အနေဖြင့် ကလေးနှင့်မိသားစုများ၏ ဆက်ဆံရေး ပညာပေးသင်တန်း ဖွင့်လှစ်ခဲ့ရာ သင်တန်းသူ(၄၂)ဦး တက်ရောက်ခဲ့ပါသည်။ သင်တန်းတွင် သင်တန်းသူအမျိုးသမီးငယ်များမှ ပျော်ရွှင်စွာဖြင့် မေတ္တာတရား၏ သင်္ကေတများဖြင့် သရုပ်ပြသခဲ့ကြပါသည်။ ထို့နောက် “နိုင်ငံတကာရင်သွေးငယ်များ” သီချင်းဖြင့် သင်တန်းအား အောင်မြင်စွာ ပိတ်သိမ်းခဲ့ပါသည်။

(၃.၆.၂၀၂၂)ရက်နေ့တွင် ရတနာစုကုမ္ပဏီလီမိတက်မှ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)၏ (၉)နှစ်ပြည့်နှစ်ပတ်လည် အထိမ်းအမှတ်အတွက် အလှူငွေ သိန်း(၅၀)ကျပ် လာရောက်လှူဒါန်းရာ အသင်းမှ ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် CEC များမှ လက်ခံရယူပြီး အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ပါသည်။

(၂၅.၅.၂၀၂၂)နေ့တွင် MWCDF အသင်းမှ ခေတ္တဥက္ကဌ၊ CEC နှင့် ရုံးအဖွဲ့သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်၍ အသင်းတည်ထောင်ခဲ့သည့် (၁၄.၅.၂၀၁၃)ရက်၊ (၉)နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် သားဖွားမီးယပ်ဆေးရုံ၌ တက်ရောက်ကုသနေသော လူနာများနှင့် လူနာစောင့်များအား နေ့လည်စာ-ထမင်း၊ ကြက်သားဟင်း၊ သီးစုံချဉ်ဟင်းဖြင့် အာဟာရဒါနပြု ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

(၂၄.၅.၂၀၂၂)နေ့၊ နေပြည်တော် MWCDF(ရုံးချုပ်)တွင် အသင်း၏(၄၅)ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။

(၁၃.၅.၂၀၂၂)ရက်နေ့တွင် မကွေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသား/သမီး ဘော်လီဘောပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားသို့ မကွေးတိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။