ရန်ကုန်တိုင်း MWCDF အသင်းမှ မေတ္တာကမ္ဘာပျိုးထောင်ရာ သင်တန်းဖွင့်လှစ်ခြင်း

(၅.၆.၂၀၂၂)နေ့တွင် ရန်ကုန်တိုင်း MWCDF အသင်းမှ ဗဟို၏ လမ်းညွှန်မှုဖြင့် ပုလဲမြို့သစ်၊ ဂရုဏာပရဟိတကျောင်း၌ “မေတ္တာကမ္ဘာပျိုးထောင်ရာ” အစီအစဉ်အနေဖြင့် ကလေးနှင့်မိသားစုများ၏ ဆက်ဆံရေး ပညာပေးသင်တန်း ဖွင့်လှစ်ခဲ့ရာ သင်တန်းသူ(၄၂)ဦး တက်ရောက်ခဲ့ပါသည်။ သင်တန်းတွင် သင်တန်းသူအမျိုးသမီးငယ်များမှ ပျော်ရွှင်စွာဖြင့် မေတ္တာတရား၏ သင်္ကေတများဖြင့် သရုပ်ပြသခဲ့ကြပါသည်။ ထို့နောက် “နိုင်ငံတကာရင်သွေးငယ်များ” သီချင်းဖြင့် သင်တန်းအား အောင်မြင်စွာ ပိတ်သိမ်းခဲ့ပါသည်။

ရန်ကုန်တိုင်း MWCDF အသင်းမှ မေတ္တာကမ္ဘာပျိုးထောင်ရာ သင်တန်းဖွင့်လှစ်ခြင်း
%d bloggers like this: