Myanmar

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်လှူဒါန်းပွဲတွင် ပါဝင်လှူဒါန်းခြင်း

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်လှူဒါန်းပွဲတွင် ပါဝင်လှူဒါန်းခြင်း

(၁၆.၃.၂၀၂၂)နေ့၊  ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းချီးမြှင့်ပွဲ မင်္ဂလာအခမ်းအနားတွင် ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များမှ ဆွမ်းဆန်စိမ်းအလှူတော် ဝတ္ထုငွေလောင်းလှူကုသိုလ်ပြုခဲ့ ကြပါသည်။  

၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနား တက်ရောက်ခြင်း

၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနား တက်ရောက်ခြင်း

(၉.၃.၂၀၂၂)နေ့၊ မကွေးတိုင်း၊ မကွေးမြို့၊ မူလတန်းကြိုကျောင်းခန်းမတွင် ကျင်းပပြုလုပ်သော  “၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနား” သို့ မကွေးတိုင်း MWCDF အသင်း ဥက္ကဌ တက်ရောက်ခဲ့ပါသည်။

၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနား တက်ရောက်ခြင်း

၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနား တက်ရောက်ခြင်း

(၉.၃.၂၀၂၂)နေ့၊ ရှမ်းပြည်နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ Online ဖြင့် ကျင်းပပြုလုပ်သော  “၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနား” သို့ ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်း ဥက္ကဌ တက်ရောက်ခဲ့ပါသည်။

၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနား တက်ရောက်ခြင်း

၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနား တက်ရောက်ခြင်း

(၈.၃.၂၀၂၂)နေ့၊ ပဲခူးတိုင်း၊ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော  “၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနား” သို့ ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနား တက်ရောက်ခြင်း

၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနား တက်ရောက်ခြင်း

(၈.၃.၂၀၂၂)နေ့၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းခန်းမတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီမှ ကြီးမှူး၍ ကျင်းပပြုလုပ်သည့် “၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနား” သို့ MWCDF အသင်း ခေတ္တဥက္ကဌ ဒေါ်သူဇာဝေမှ In Person တက်ရောက်ချီးမြှင့်ခဲ့ပြီး အတွင်းရေးမှူး ဒေါ်မေမြင့်မောင်နှင့် တွဲဘက်အတွင်းရေးမှူး(၁) ဒေါ်ခင်မြဝင်းတို့မှ Online ဖြင့် တက်ရောက်ခဲ့ပါသည်။

မီးဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း

မီးဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း

(၆.၃.၂၀၂၂)နေ့တွင် ပဲခူးတိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပဲခူးမြို့၊ ကျွန်းသာရပ်ကွက်၊ စက်ဝိုင်းမှ မီးဘေးသင့်အိမ်ခြေ(၁၃)လုံး၊ အိမ်ထောင်စု(၁၇)စု၊ လူဦးရေ(၇၃)ဦးရှိသော မီးဘေးသင့်ပြည်သူများထံ သွားရောက်၍ အားပေးစကားပြောကြားပြီး အဝတ်အထည်များ၊ ခြင်ထောင်၊ စောင်၊ ကော်ဇောဖျာ၊ ခေါက်ဆွဲခြောက်၊ မုန့်၊ ကော်ဖီမစ်များ ပေးအပ်လှူဒါန်းခဲ့ပြီး မီးဘေးသင့်မိသားစုများထဲမှ လသားအရွယ်ကလေးငယ်(၄)ဦးအတွက် တစ်ဦးလျှင် အလှူငွေ-(၂၅,၀၀၀)ကျပ်စီ ပေးအပ်လှူဒါန်းခဲ့ပါသည်။