Myanmar

အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီအစည်းအဝေးတက်ရောက်ခြင်း

အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီအစည်းအဝေးတက်ရောက်ခြင်း

(၂၈.၂.၂၀၂၂)နေ့၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကျင်းပပြုလုပ်သည့် “အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ” အစည်းအဝေးသို့ MWCDF အသင်း ရုံးအဖွဲ့မှူး မှ Zoom Online ဖြင့် တက်ရောက်ခဲ့ပါသည်။

ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေ အမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းစီမံချက် အစည်းအဝေးတက်ရောက်ခြင်း

ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေ အမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းစီမံချက် အစည်းအဝေးတက်ရောက်ခြင်း

(၁၇.၂.၂၀၂၂)နေ့၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော “ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေအမျိုးသမီးများ အတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်အား အကောင်အထည်ဖော်ရေး” ညှိနှိုင်းအစည်းအဝေးသို့ MWCDF အသင်းမှ ရုံးအဖွဲ့မှူး တက်ရောက် ဆွေးနွေးခဲ့ပါသည်။

မြန်မာနိုင်ငံ ကလေးများနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲဆုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်ခြင်း

မြန်မာနိုင်ငံ ကလေးများနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲဆုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်ခြင်း

(၁၁.၂.၂၀၂၂)နေ့တွင် ပဲခူးတိုင်း လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော ဖေဖော်ဝါရီ(၁၃)ရက်နေ့ တွင် ကျရောက်မည့် မြန်မာနိုင်ငံ ကလေးများနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနား သို့ ပဲခူးတိုင်း MWCDF အသင်း အဖွဲ့ဝင်များ တက်ရောက်ပါဝင်၍ ကလေးငယ်(၉၂)ယောက်တို့အား ဆုလက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

ရေတွင်းတူးဖော်လှူဒါန်းခြင်း

ရေတွင်းတူးဖော်လှူဒါန်းခြင်း

(၇.၂.၂၀၂၂)နေ့တွင် မကွေးတိုင်း MWCDF အသင်းမှ အသင်းသူများ၏ မတည်ငွေနှင့် စေတနာရှင် အလှူရှင်များ၏ လှူဒါန်းငွေများ စုပေါင်း၍ မကွေးမြို့၊ အ.လ.က အောင်စေတနာကျောင်းတွင် ရေအခက်အခဲမရှိစေရေးအတွက် ကုန်ကျငွေ-(၈၃၅,၀၀၀)ကျပ် တန်ဖိုးရှိသော အနက်ပေ ၁၈၀ /(၂ လက်မ) ရေတွင်းတစ်တွင်းကို အောင်မြင်စွာ တူးဖော်လှူဒါန်းခဲ့ပါသည်။

နေပြည်တော် အကျဉ်းထောင်သို့ သွားရောက်လှူဒါန်းခြင်း

နေပြည်တော် အကျဉ်းထောင်သို့ သွားရောက်လှူဒါန်းခြင်း

(၂၈.၁.၂၀၂၂)နေ့တွင် MWCDF အသင်းမှ CEC နှင့် အဖွဲ့ဝင်များသည် နေပြည်တော် အကျဉ်းထောင်သို့ သွားရောက်၍ အကျဉ်းသား/သူများအတွက် ဆေးဝါး၊ နေ့စဉ်သုံး/တစ်ကိုယ်ရည်သုံးပစ္စည်းနှင့် စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့ပြင် အကျဉ်းသူမိခင်နှင့်အတူ ပါရှိလာသော ကလေးငယ်များအတွက်လည်း ဖြည့်စွက်အစားအစာနှင့် ကလေးအသုံးအဆောင်ပစ္စည်းများကို အကျဉ်းသူမိခင်များထံ လှူဒါန်းပေးခဲ့ပါသည်။

မင်္ဂလာသီရိပတ္တာကျောင်းတိုက်သို့ သွားရောက်လှူဒါန်းခြင်း

မင်္ဂလာသီရိပတ္တာကျောင်းတိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၂၈.၁.၂၀၂၂)နေ့တွင် MWCDF အသင်းမှ ခေတ္တဥက္ကဌနှင့် CEC အဖွဲ့ဝင်များသည် နေပြည်တော်၊ ပုဗ္ဗသီရိ မြို့နယ်၊ မင်္ဂလာသီရိပတ္တာကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်နှင့် သံဃာတော်များ အတွက် ဝတ္ထုငွေ၊ ဗလာစာအုပ်၊ Mask, ဆေးအိတ်၊ ဆပ်ပြာဆီဘူး၊ ဖယောင်းတိုင်နှင့် ဆန်၊ ဆီ၊ ကုလားပဲ၊ ကြက်သွန်အစရှိသည့် အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့ပါသည်။