နေပြည်တော် အကျဉ်းထောင်သို့ သွားရောက်လှူဒါန်းခြင်း

(၂၈.၁.၂၀၂၂)နေ့တွင် MWCDF အသင်းမှ CEC နှင့် အဖွဲ့ဝင်များသည် နေပြည်တော် အကျဉ်းထောင်သို့ သွားရောက်၍ အကျဉ်းသား/သူများအတွက် ဆေးဝါး၊ နေ့စဉ်သုံး/တစ်ကိုယ်ရည်သုံးပစ္စည်းနှင့် စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပါသည်။

ထို့ပြင် အကျဉ်းသူမိခင်နှင့်အတူ ပါရှိလာသော ကလေးငယ်များအတွက်လည်း ဖြည့်စွက်အစားအစာနှင့် ကလေးအသုံးအဆောင်ပစ္စည်းများကို အကျဉ်းသူမိခင်များထံ လှူဒါန်းပေးခဲ့ပါသည်။

နေပြည်တော် အကျဉ်းထောင်သို့ သွားရောက်လှူဒါန်းခြင်း
%d bloggers like this: