Myanmar

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး(၁/၂၀၂၀) တက်ရောက်ခြင်း

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး(၁/၂၀၂၀) တက်ရောက်ခြင်း

(၁၄.၉.၂၀၂၀)ရက်နေ့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ဖြစ်သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဆောင်၍ Zoom Application ဖြင့်ကျင်းပပြု လုပ်သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေး(၁/ ၂၀၂၀)ကို မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူး တက်ရောက်ခဲ့ပါသည်။

Covid-19 ကာလအတွင်း အိမ်ထောင်စုများအား စားသောက်ကုန်များ လှူဒါန်းခြင်း

Covid-19 ကာလအတွင်း အိမ်ထောင်စုများအား စားသောက်ကုန်များ လှူဒါန်းခြင်း

(၄.၉.၂၀၂၀)နေ့တွင် မကွေးတိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များသည် မကွေးမြို့နယ်၊ ဖုတ်ကုန်းကျေးရွာအုပ်စု၊ လျောင်းတော်ဦးကျေးရွာ(အသွားအလာကန့်သတ်ထားရှိသည့်ကျေးရွာ) ရှိ အိမ်ထောင်စု(၃၇၅)စုနှင့် ကျန်းမာရေးစောင့်ရှောက်ပေးသူများအတွက် စားသောက်ကုန်များ သွားရောက်လှူဒါန်းခြင်း

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအစည်းအဝေး(၂/၂၀၂၀)တက်ရောက်ခြင်း

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအစည်းအဝေး(၂/၂၀၂၀)တက်ရောက်ခြင်း

(၇.၉.၂၀၂၀)ရက်နေ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ ဖြစ်သည့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ Zoom Application ဖြင့် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အစည်းအဝေး(၂/ ၂၀၂၀)ကို မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဒုဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ တက်ရောက်ခဲ့ပါသည်။

ရတနာစံပရိယတ္တိစာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

ရတနာစံပရိယတ္တိစာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၄.၉.၂၀၂၀)နေ့တွင် MWCDF အသင်းမှ ဒုက္ကဌနှင့် CEC အဖွဲ့ဝင်များသည် Covid-19 ကာလတွင် ဆွမ်းအခက်အခဲဖြစ်နေသည့် ဇေယျာသီရိမြို့နယ်၊ ရတနာစံပရိယတ္တိစာသင်တိုက်ရှိ သံဃာတော် (၆၁)ပါးအတွက် ကျောင်းထိုင်ဆရာတော်ထံ ဝတ္ထုငွေ၊ ဝါဆိုသင်္ကန်း၊ စာရေးကိရိယာ၊ လက်ဆေးဆပ်ပြာ၊ စားသောက်ကုန်၊ ဆေးဝါးနှင့် Mask များ သွားရောက်လှူဒါန်းခဲ့ပါသည်။

Covid-19 ကာလအတွင်း ထိခိုက်လွယ် အခြေအနေရှိ အမျိုးသမီးများအား ကာကွယ်စောင့် ရှောက်ရေးအတွက် ထောက်ပံ့ခြင်း အခမ်းအနား

Covid-19 ကာလအတွင်း ထိခိုက်လွယ် အခြေအနေရှိ အမျိုးသမီးများအား ကာကွယ်စောင့် ရှောက်ရေးအတွက် ထောက်ပံ့ခြင်း အခမ်းအနား

(၃.၉.၂၀၂၀)ရက်နေ့ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)ရုံးချုပ်၌ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှ Covid-19 ကာလအတွင်း ထိခိုက်လွယ် အခြေအနေရှိ အမျိုးသမီးများအား ကာကွယ်စောင့် ရှောက်ရေးအတွက် ထောက်ပံ့ခြင်း အခမ်းအနားကို Online Zoom Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)သည် ရပ်တည်ရန်ခက်ခဲသော အမျိုးသမီးများကို အသက်မွေးဝမ်းကြောင်းပညာသင်ကြားပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ ဝင်ငွေများ ရရှိရန်ပံ့ပိုးပေးခြင်း၊ Covid-19 ကာလအတွင်းမှာ တစ်ဦးချင်း

သံဃာတော်များအား နေ့ဆွမ်းလောင်းလှူခြင်း

သံဃာတော်များအား နေ့ဆွမ်းလောင်းလှူခြင်း

၃.၉.၂၀၂၀ ရန်ကုန်တိုင်း MWCDF ဥက္ကဌ နှင့် အဖွဲ့ဝင်တို့သည် ရန်ကုန်တိုင်း ရန်ကင်းမြို့နယ် ပဉ္စနိကာယ သာသနာ့ဗိမ္မာန်ကျောင်းတိုက်ရှိ သံဃာအပါး (၁၄၅)ပါးအား နေ့ဆွမ်း ဆက်ကပ်​​ လောင်းလှူခဲ့ပါသည်။