Myanmar

မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးတက်ရောက်ခြင်း

မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးတက်ရောက်ခြင်း

(၂.၉.၂၀၂၀)ရက်နေ့ မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြုလုပ်သော မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မကွေးတိုင်း MWCDF ဥက္ကဋ္ဌ မှ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

ပဉ္စနိကယ်ကျောင်းတိုက်သို့ သွားရောက်လှူဒါန်းခြင်း

ပဉ္စနိကယ်ကျောင်းတိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၂၈.၈.၂၀၂၀)နေ့တွင် ရန်ကုန်တိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ရန်ကင်းမြို့နယ်၊ ပဉ္စနိကယ်ကျောင်းတိုက်သို့ သွားရောက်၍ မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဌ ဆရာတော်ထံ ဝါဆိုသင်္ကန်းများ လှူဒါန်းပြီး (၃.၉.၂၀၂၀)နေ့၊ သံဃာတော်(၁၄၅)ပါး နေ့ဆွမ်းအတွက် နဝကမ္မအမလှူငွေ လှူဒါန်းခဲ့ပါသည်။

ကျန်းမာရေးစောင့်ရှောက်မှု

ကျန်းမာရေးစောင့်ရှောက်မှု

(၂၈.၈.၂၀၂၀)နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အသင်းမှ ဥက္ကဌနှင့်အဖွဲ့ဝင်များသည် မန္တလေးဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော အသင်းဝင်/တွဲဘက်ဘဏ္ဍာရေးမှူး ဒေါ်လှိုင်နန္ဒာကျော်အား ထောက်ပံ့ငွေနှင့် အာဟာရ Brand ငှက်သိုက်၊ ဟောလစ်၊ အိုဗာတင်းများ ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

ဝါတွင်းအဖိတ်နေ့ ဆွမ်းလောင်းလှူဒါန်းခြင်း

ဝါတွင်းအဖိတ်နေ့ ဆွမ်းလောင်းလှူဒါန်းခြင်း

(၂၆.၈.၂၀၂၀)နေ့၊ ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များသည် ပဲခူးမြို့၊ ဝါတွင်းအဖိတ်နေ့တွင် ဆွမ်းခံကြွတော်မူသော သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်တော်နှင့် နေ့ဆွမ်း- မျှစ်ချဉ်ဟင်း၊ မုန့်လုံးရေပေါ် အချိုပေါင်မုန့်များ လောင်းလှူခဲ့ပါသည်။

အမရဝတီဘုန်းကြီးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

အမရဝတီဘုန်းကြီးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၅.၈.၂၀၂၀)နေ့တွင် MWCDF အသင်းမှ ဘဏ္ဍာရေးမှူးနှင့် CEC အဖွဲ့ဝင်များသည် ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်၊ တောင်ပို့တရာကျေးရွာ၊ အမရဝတီဘုန်းကြီးကျောင်းသို့ သွားရောက်၍ ဦးစီးပဓာနဆရာတော်ထံ ဝါဆိုသင်္ကန်း၊ ဝတ္ထုငွေနှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။             ထို့နောက် ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ တန်ဆောင်းအတွင်းတွင် ဒေသခံကျေးရွာမှ အမျိုးသမီးများအား “အမျိုးသမီးများ ကျန်းမာရေးဆိုင်ရာ ဆောင်ရန်ရှောင်ရန်နှင့် သိထားသင့်သော အကြောင်းအရာများ” အကျယ်တဝန့် ဆွေးနွေးပြောကြားခဲ့ပါသည်။             ဆက်လက်၍ ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးလင်းရေးအတွက် ကျေးရွာမီးလင်းရေးကော်မတီထံ အလှူငွေများ လှူဒါန်းခဲ့ပါသည်။

ရန်ကုန်တိုင်း MWCDF အသင်းမှ ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း

ရန်ကုန်တိုင်း MWCDF အသင်းမှ ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း

(၂၃.၈.၂၀၂၀)နေ့တွင် ရန်ကုန်တိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် သုံးခွမြို့နယ်၊ ရဲနွဲ့ကျေးရွာရှိ ပညာရေးထူးချွန်ပြီး ပညာသင်ယူရန် အခက်အခဲရှိနေသည့် အမွှာကျောင်းသူ(၂)ဦးအား တစ်နှစ်စာ ပညာသင်စရိတ်ထောက်ပံ့ခြင်းနှင့် သုံးခွမြို့တွင် ဆောက်လုပ်ဆဲ ဘိုးဘွားရိပ်သာအတွက် အလှူငွေများ လှူဒါန်းခဲ့ပါသည်။