အမရဝတီဘုန်းကြီးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၅.၈.၂၀၂၀)နေ့တွင် MWCDF အသင်းမှ ဘဏ္ဍာရေးမှူးနှင့် CEC အဖွဲ့ဝင်များသည် ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်၊ တောင်ပို့တရာကျေးရွာ၊ အမရဝတီဘုန်းကြီးကျောင်းသို့ သွားရောက်၍ ဦးစီးပဓာနဆရာတော်ထံ ဝါဆိုသင်္ကန်း၊ ဝတ္ထုငွေနှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

            ထို့နောက် ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ တန်ဆောင်းအတွင်းတွင် ဒေသခံကျေးရွာမှ အမျိုးသမီးများအား “အမျိုးသမီးများ ကျန်းမာရေးဆိုင်ရာ ဆောင်ရန်ရှောင်ရန်နှင့် သိထားသင့်သော အကြောင်းအရာများ” အကျယ်တဝန့် ဆွေးနွေးပြောကြားခဲ့ပါသည်။

            ဆက်လက်၍ ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးလင်းရေးအတွက် ကျေးရွာမီးလင်းရေးကော်မတီထံ အလှူငွေများ လှူဒါန်းခဲ့ပါသည်။

အမရဝတီဘုန်းကြီးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း
%d bloggers like this: