Myanmar

ဇေယျာသီရိဓမ္မဝံသကျောင်းတိုက်သို့ သွားရောက်လှူဒါန်းခြင်း

ဇေယျာသီရိဓမ္မဝံသကျောင်းတိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၁၈.၈.၂၀၂၀)နေ့တွင် MWCDF အသင်းမှ ဒုဥက္ကဌနှင့် CEC အဖွဲ့ဝင်များသည် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ညောင်ပင်ကန်ကျေးရွာ၊ ဇေယျာသီရိဓမ္မဝံသကျောင်းတိုက်သို့ ဝတ္ထုငွေ၊ ဝါဆိုသင်္ကန်း၊ စာရေးကိရိယာ၊ ဆပ်ပြာဆီ၊ မုန့်များ၊ ဆေးဝါးနှင့် Covid-19 အကာအကွယ်ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ပါ သည်။

ပဲခူးမြို့နယ်၊ ပရဟိတ(ဘ.က)ကျောင်းများသို့ သွားရောက်လှူဒါန်းခြင်း

ပဲခူးမြို့နယ်၊ ပရဟိတ(ဘ.က)ကျောင်းများသို့ သွားရောက်လှူဒါန်းခြင်း

(၁၅.၈.၂၀၂၀)ရက်နေ့တွင် MWCDF (ဗဟို)မှ ဥက္ကဌ၊ CEC အဖွဲ့ဝင်များနှင့် ပဲခူးတိုင်း MWCDF ဥက္ကဌနှင့် EC အဖွဲ့ဝင်များသည် Covid-19 ကာလအတွင်း ပဲခူးမြို့၊ ပန်းခြံကုန်း လူငယ်ပရဟိတ(ဘ.က)ကျောင်း၊ အလင်းစစ်ပညာဒါန(ဘ.က)ကျောင်း၊ ရွှေဂူကြီးတောရ(ဘ.က)ကျောင်းသို့ အလှူငွေ၊ အခြေခံစားသောက်ကုန်၊ မုန့်များနှင့် Covid-19 အကာအကွယ်ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ပါသည်။

ပဲခူးမြို၌ Good Treatment Program သင်တန်း ဖွင့်လှစ်သင်ကြားခြင်း

ပဲခူးမြို၌ Good Treatment Program သင်တန်း ဖွင့်လှစ်သင်ကြားခြင်း

(၁၅.၈.၂၀၂၀)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း ဗဟို အဖွဲ့ ချုပ်မှ ဥက္ကဌဒေါက်တာဒေါ်ဝေဝေသာဦးဆောင်ပြီး ဒေါက်တာကြူကြူအေး၊ ဒေါ်စန်းစန်းမြင့် CEC အဖွဲ့တို့က ပဲခူးတိုင်းဒေသကြီး MWCDF အဖွဲ့နှင့်အတူ “ မေတ္တာကမ္ဘာ ပျိုးထောင်ရာ” ကလေးနှင့်မိသားစုများ၏ ဆက်ဆံရေး ပညာပေးလုပ်ငန်းစီမံချက်သင်တန်းကို သင်တန်းသူ( ၁၂) ဦးနှင့် သင်ကြားပို့ချခဲ့ပါသည်။

MWCDF အသင်း၏ (၇)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး

MWCDF အသင်း၏ (၇)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး

(၁၄.၈.၂၀၂၀)ရက်နေ့ နေ့လည်(၁းဝဝ)နာရီတွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူ ငယ်များ ဘဝမြှင့်တင်ရေးအသင်း၏ (၇)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားအား Zoom Online Meeting ဖြင့် ပြည်နယ်/တိုင်းများမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအဖွဲ့များနှင့် နှစ်ပတ်လည်အစည်းအဝေး ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင်- – ဥက္ကဋ္ဌ ဒေါက်တာဝေဝေသာမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်း။ – ဒုဥက္ကဋ္ဌဒေါ်သူဇာဝေမှ ရှေ့လုပ်ငန်းစဉ်များ၊ သင်တန်းများနှင့်ပတ်သက်ပြီး ပြောကြားခြင်း။ -ဒုဥက္ကဋ္ဌဒေါ်စုညွန့်ဦးမှ အသင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း။ – တွဲဘက်အတွင်းရေးမှူး ဒေါ်ခင်မြဝင်းမှ အသင်းတစ်နှစ်တာ လုပ်ငန်းစဉ်များ၊ ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာများ ကိုရှင်းလင်းပြောကြားခြင်း။ – ပြည်နယ်နှင့်တိုင်း

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း

(၁၄.၈.၂၀၂၀)ရက်နေ့ နံနက်(၁၀.၀၀)အချိန်တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းရုံးချုပ်မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများနှင့်CECများ၊ အဖွဲ့ဝင်များသည် သံဃာတော်များအား ဝါဆိုသင်္ကန်းကပ်လှူရန် ပင့်ဖိတ်၍ တရားနာယူကာ ဝါဆိုသင်္ကန်း၊ လှူဘွယ်ပစ္စည်းများ လှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ရန်ကုန်၌ CEC Meeting ဆွေးနွေးခြင်း

ရန်ကုန်၌ CEC Meeting ဆွေးနွေးခြင်း

(၁၀.၈.၂၀၂၀)ရက်နေ့ နံနက် (၀၉:၀၀)နာရီတွင် ရန်ကုန်မြို့ MWCDF အသင်းဥက္ကဌ နေအိမ်၌ (၂၈-၇-၂၀၂၀)ရက်နေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သော (၃၉) ကြိမ်မြောက် CEC အစည်းအဝေးဆုံးဖြတ်ချက်များအား (၁၀.၈.၂၀၂၀)နေ့၌ ရန်ကုန်မြို့ရှိ CEC များနှင့် တွေ့ဆုံဆွေးနွေးကာ လိုအပ်သည်များ ထပ်တိုး ဖြည့်စွက် အကြံပြုချက်များ ဆွေးနွေးခဲ့ကြပါသည်။