MWCDF အသင်း၏ (၇)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး

(၁၄.၈.၂၀၂၀)ရက်နေ့ နေ့လည်(၁းဝဝ)နာရီတွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူ ငယ်များ ဘဝမြှင့်တင်ရေးအသင်း၏ (၇)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားအား Zoom Online Meeting ဖြင့် ပြည်နယ်/တိုင်းများမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအဖွဲ့များနှင့် နှစ်ပတ်လည်အစည်းအဝေး ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင်-

– ဥက္ကဋ္ဌ ဒေါက်တာဝေဝေသာမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်း။

– ဒုဥက္ကဋ္ဌဒေါ်သူဇာဝေမှ ရှေ့လုပ်ငန်းစဉ်များ၊ သင်တန်းများနှင့်ပတ်သက်ပြီး ပြောကြားခြင်း။

-ဒုဥက္ကဋ္ဌဒေါ်စုညွန့်ဦးမှ အသင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း။

– တွဲဘက်အတွင်းရေးမှူး ဒေါ်ခင်မြဝင်းမှ အသင်းတစ်နှစ်တာ လုပ်ငန်းစဉ်များ၊ ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာများ ကိုရှင်းလင်းပြောကြားခြင်း။

– ပြည်နယ်နှင့်တိုင်း ဥက္ကဋ္ဌများမှ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခြင်း။

– ပြည်နယ်နှင့်တိုင်း ဆွေးနွေးချက်များနှင့်ပတ်သက်၍ ဗဟို အတွင်းရေးမှူးအဖွဲ့မှ ပြန်လည် ရှင်းလင်း ပြောကြားခြင်း။

– အသင်း ဥက္ကဋ္ဌ မှ နိဂုံးချုပ် အမှာစကားပြောကြားပြီး

– (၇)နှစ်မြောက်အခမ်းအနား Online Meeting ကို အောင်မြင်စွာကျင်းပကာ အစည်းအဝေး ကို (၁၅.၀၀)နာရီ တွင် ရုတ်သိမ်းခဲ့ပါသည်။

MWCDF အသင်း၏ (၇)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး
%d bloggers like this: