Myanmar

ခေမာကံမြင့် ကြယ်တံခွန် သီလရှင်သင်ပညာရေးကျောင်းသို့ လှူဒါန်းခြင်း

ခေမာကံမြင့် ကြယ်တံခွန် သီလရှင်သင်ပညာရေးကျောင်းသို့ လှူဒါန်းခြင်း

(၄.၇.၂၀၂၀) ရန်ကုန်တိုင်း MWCDF အသင်းမှ သုံးခွမြို့၊ ခေမာကံမြင့် ကြယ်တံခွန် သီလရှင်သင် ပညာရေးကျေင်းသို့ ဆွမ်းဆန်အိတ်၊ ဆီ၊ ကြက်ဥ၊ ငါးသေတ္တာ၊ ဆပ်ပြာမှုန့်နှင့် Mask များ လှူဒါန်းခဲ့ပြီး သီလရှင်လေးများ၊ ကျောင်းသားလေးများအား ကျန်းမာရေးစစ်ဆေးပြီး ဆေးကုသပေးခဲ့ပါသည်။

၂၀၂၀ ပြည့်နှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတက်ရောက်ခြင်း

၂၀၂၀ ပြည့်နှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတက်ရောက်ခြင်း

(၃.၇.၂၀၂၀)ရက်နေ့ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ ဒုဥက္ကဋ္ဌ ဒေါ်စုညွန့်ဦးနှင့် အတွင်းရေးမှူး ဒေါ်မေမြင့်မောင်တို့သည် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၀ပြည့်နှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

မြန်မာနို်ငငံလုံးဆိုင်ရာအမျိုးသမီးကော်မတီမှ ပြုလုပ်သော မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ပါဝင်စိုက်ပျိုးခြင်း

မြန်မာနို်ငငံလုံးဆိုင်ရာအမျိုးသမီးကော်မတီမှ ပြုလုပ်သော မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ပါဝင်စိုက်ပျိုးခြင်း

(၂.၇.၂၀၂၀)ရက်နေ့၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ ဒုဥက္ကဌ ဒေါ်စုညွန့်ဦးသည် မြန်မာနို်ငငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက ဦးဆောင်၍ နေပြည်တော်၊ မြို့ရှောင်လမ်း (V-4)လမ်း၊ ရန်အောင်မြင်ကြိုးဝိုင်း အကွက်အမှတ်(၁၃)၊ သစ်တောမြေနေရာတွင် ကျင်းပြုလုပ်သော ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အကြို သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်ကာ မြန်မာနို်ငငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီတွင် ပါဝင်သော အမျိုးသမီးအဖွဲ့များနှင့်အတူ သစ်ပင်များ စိုက်ပျိုးခဲ့ပါသည်။

မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ သစ်ပင်စိုက်ပျိုးခြင်း

မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ သစ်ပင်စိုက်ပျိုးခြင်း

(၁.၇.၂၀၂၀)ရက်နေ့တွင် မွန်ပြည်နယ်၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင် ရေးအသင်း(MWCDF)မှ အလုပ်အမှုဆောင်များသည် မော်လမြိုင်မြို့ အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး ကျင်းပသော ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ရုံးတွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ သွားရောက်ပူးပေါင်းကာ သစ်ပင်များစုပေါင်းစိုက်ပျိုးခဲ့ပါသည်။

မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အသင်း၏ လုပ်ဆောင်နေမှုများအား ရှင်းလင်းပြောကြားခြင်း

မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အသင်း၏ လုပ်ဆောင်နေမှုများအား ရှင်းလင်းပြောကြားခြင်း

မြဝတီရုပ်မြင်သံကြားမှ ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် “မြန်မာအမျိုးသမီးများနေ့” ကို ဂုဏ်ပြုသည့် အစီအစဉ် ထုတ်လွှင့်ပြသရန် အသင်းသို့ ဆက်သွယ်လာ သဖြင့် ရန်ကုန်တိုင်း၊ MWCDF အသင်း ဥက္ကဌ ဒေါ်တင်စိန်မှ အသင်း၏ကိုယ်စား “မြန်မာအမျိုးသမီးများ နေ့” အထိမ်းအမှတ် လုပ်ဆောင်မှုများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များအတွက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များနှင့် ယခုကျရောက်နေသော Covid-19 ကမ္ဘာကပ်ရောဂါကာလ တွင် ပြည်နယ်/တိုင်းများရှိ အသင်းများမှ ကူညီစောင့်ရှောက်ရန် လိုအပ်နေသော နေရာဒေသများတွင် ကူညီထောက်ပံ့ပေးနေမှုများကို ရိုက်ကူးရေးအစီအစဉ်တွင် ရှင်းလင်းပြောကြားခဲ့ပါသည်။ ၂၀၂၀ခုနှစ် ၊

COVID-19 ဆိုင်ရာစိတ်လူမှုအားပေးထောက်ပံ့ခြင်းနှင့် Counseling Online သင်တန်းတက်ရောက်ခြင်း

COVID-19 ဆိုင်ရာစိတ်လူမှုအားပေးထောက်ပံ့ခြင်းနှင့် Counseling Online သင်တန်းတက်ရောက်ခြင်း

(၂၈.၆.၂၀၂၀)၊ COVID-19 ဆိုင်ရာ စိတ်လူမှုအားပေးထောက်ပံ့ခြင်းနှင့် Counseling Online သင်တန်းကို MWCDF အသင်းမှ CEC များနှင့် အဖွဲ့ဝင်များတက်ရောက်ခြင်း မှတ်တမ်း