Myanmar

MWCDF အသင်းမှ မြန်မာအမျိုးသမီးများနေ့အကြို သစ်ပင်စိုက်ပျိုးခြင်း

MWCDF အသင်းမှ မြန်မာအမျိုးသမီးများနေ့အကြို သစ်ပင်စိုက်ပျိုးခြင်း

ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် “မြန်မာအမျိုးသမီးများနေ့” ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ၂၀၂၀ပြည့်နှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF) ရုံးဝင်းအတွင်း နှစ်ရှည်ပင် များ၊ အရိပ်ရအပင်များဖြစ်သော (နံ့သာဖြူ၊ မဉ္ဇူသကနတ်ပန်း၊ သရက်၊ မာလကာ၊ ပိန္နဲ၊ တမာ၊ ဗန်ဒါ၊ မန်ကျည်း၊ ဒန့်ဒလွန်၊ ပေါက်ပန်း၊ ပိတောက်၊ ပျဉ်းမ၊ သပြေဘူတ) စသည့် ပျိုးပင်ပေါင်း(၁၀၀)ကျော်ကို (၂၆.၆.၂၀၂၀)နေ့၊ နံနက်ပိုင်းတွင် MWCDF အသင်း ဒုဥက္ကဌနှင့် CEC များ၊ နေပြည်တော်တိုင်း

မြန်မာအမျိုးသမီးများနေ့အကြို ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း

မြန်မာအမျိုးသမီးများနေ့အကြို ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း

(၁၉.၆.၂၀၂၀)ရက်နေ့ နံနက် (၁၀:၀၀)နာရီတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်မှုဖြင့် မြန်မာအမျိုးသမီးများနေ့ကို online မှ ကျင်းပရန်အတွက် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို Online စနစ် (online Virtual Meeting) ဖြင့် ကျင်းပပြုလုပ်သည့် အစည်းအဝေးသို့ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဒုဥက္ကဋ္ဌ နှင့် တွဲဘက်အတွင်းရေးမှူးအဖွဲ့တို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

ဓမ္မလုံးကောင်လွယ်ကောင်းပညာဥယျာဉ် ပရဟိတ(ဘ.က)ကျောင်းဝင်းအတွင်း ဆေးဖြန်းခြင်းနှင့် Covid-19 ရောဂါကာကွယ်ရေးအကြောင်း ဟောပြောခြင်း

ဓမ္မလုံးကောင်လွယ်ကောင်းပညာဥယျာဉ် ပရဟိတ(ဘ.က)ကျောင်းဝင်းအတွင်း ဆေးဖြန်းခြင်းနှင့် Covid-19 ရောဂါကာကွယ်ရေးအကြောင်း ဟောပြောခြင်း

(၁၇.၆.၂၀၂၀)နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်း အလုပ်အမှုဆောင်များသည် ဓမ္မလုံးကောင်လွယ်ကောင်းပညာဥယျာဉ် ပရဟိတ(ဘ.က)ကျောင်းသို့ သွားရောက်၍ စာသင်ခန်းများ၊ အိပ်ဆောင်များနှင့် ကျောင်းတိုက်များအတွင်းသို့ ပိုးသတ်ဆေးများဖြန်းခြင်း၊ Covid-19 ကပ်ရောဂါ အကြောင်းနှင့် ကာကွယ်ရေးနည်းလမ်းများဖြစ်သော လက်ဆေးခြင်း၊ Mask တပ်ခြင်းနှင့် Social Distancing အကြောင်းများအား ပညာပေးဟောပြောခဲ့ပါသည်။

စမတောင် လူငယ်ဖွံ့ဖြိုးရေးပရဟိတဥယျာဉ်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

စမတောင် လူငယ်ဖွံ့ဖြိုးရေးပရဟိတဥယျာဉ်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၁၅.၆.၂၀၂၀)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်းမှ အလုပ်အမှုဆောင်များနှင့် အဖွဲ့ဝင်တို့သည် COVID-19 ကာလအတွင်း စမတောင် လူငယ်ဖွံ့ဖြိုးရေးပရဟိတဥယျာဉ်ကျောင်း ဆရာတော်နှင့် မိဘမဲ့ ကလေး 1000 ကျော်အတွက် ဆန်အိတ်၊ ဆီ၊ ကြက်သွန်၊ masks သွားတိုက်ဆေး၊ ဆပ်ပြာ နှင့် မုန့်များ စုစုပေါင်းတန်ဖိုးငွေ(၅၀၀၀၀၀)ကျပ်ဖိုး သွားရောက် လှူဒါန်းခဲ့ပါသည်။

မြန်မာအမျိုးသမီးများနေ့အကြို ညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း

မြန်မာအမျိုးသမီးများနေ့အကြို ညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်နေရာချထား​ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ (၁၅.၆.၂၀၂၀)ရက်နေ့ နံနက်(၁၀း၃၀)နာရီ ချိန်တွင် Online စနစ် (Online Virtual Meeting)ဖြင့် ကျင်းပပြုလုပ်သော မြန်မာအမျိုးသမီးများနေ့ အကြိုညှိနှိုင်းအစည်းအဝေးကို မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ တက်​ရောက်ဆွေးနွေးခဲ့ပါသည်။

မာဃချောင်နှင့်ကွတ်ခိုင်ချောင် (စစ်ဘေးရှောင် ပလောင်၊ နာဂ၊ ပအို့ဝ်) သီလရှင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

မာဃချောင်နှင့်ကွတ်ခိုင်ချောင် (စစ်ဘေးရှောင် ပလောင်၊ နာဂ၊ ပအို့ဝ်) သီလရှင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၁၄.၆.၂၀၂၀)ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့် တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များသည် Covid -19 ကာလတွင် ဆွမ်းဆန်တော် အလှူခံမထွက်နိုင်၍ အခက်အခဲဖြစ်နေသော မာဃချောင်နှင့်ကွတ်ခိုင်ချောင်(စစ်ဘေးရှောင် ပလောင်၊ နာဂ၊ ပအို့ဝ်)ဆရာလေးများထံ ခရမ်းချဉ်သီး(၂၀)ပိဿာ၊ ငရုပ်သီးစိမ်း(၂)ပိဿာ၊ ကတ္တီပါ ဖိနပ် (၅၀)ရံ၊ အမျိုးသမီးလစဉ်သုံးအထုတ်(၂၀၀)ထုတ်ကို သွားရောက်လှူဒါန်းခဲ့ပါသည်။