Myanmar

Covid-19 ကာလအတွင်း စားရေးသောက်ရေးအခက်အခဲရှိနေသော ဓမ္မလုံးကောင်လွယ်ကောင်း ပရဟိတ ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

Covid-19 ကာလအတွင်း စားရေးသောက်ရေးအခက်အခဲရှိနေသော ဓမ္မလုံးကောင်လွယ်ကောင်း ပရဟိတ ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၁၄.၆.၂၀၂၀)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) မြန်မာနိုင်ငံအမျိုး သမီးများနှင့် ကလေးသူငယ် များဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ဓမ္မလုံးကောင်လွယ် ကောင်း ပညာဥယျာဉ်ပရဟိတ(ဘ.က)ကျောင်းသို့ ဆန်အိတ်(၂၀)အိတ်၊ Mask (၄၀၀)ခု၊ စာအုပ်ဒါဇင် (၄၀)ဒါဇင်၊ ကြက်ဥ (၉၀၀)လုံး၊ လက်သန့်ဆေးရည်(၅၀၀)ml- (၁၀)ဘူး၊ လက်ဆေးဆပ်ပြာ(၅၀၀)ml -(10)ဘူး စုစုပေါင်း-(၉၃၆၀၀၀)ကျပ်ဖိုး လှုဒါန်းခဲ့ပါသည်။

ပဲခူးမြို့ပေါ်ရှိ သီလရှင်စာသင်တိုက်များသို့ အခြေခံစားကုန်များ လှူဒါန်းခြင်း

ပဲခူးမြို့ပေါ်ရှိ သီလရှင်စာသင်တိုက်များသို့ အခြေခံစားကုန်များ လှူဒါန်းခြင်း

၂၀၂၀ခုနှစ်၊ ဇွန် (၁၂)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ် များဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ အသင်းသူအသင်းသားများသည် Covid-19 ကာလနှင့် မိုးဦးကျ ကာလအချိန်၌ ပဲခူးမြို့ပေါ်ရှိ- မဏိဇောတသီလရှင်စာသင်တိုက်၊ သဒ္ဓမ္မဂုဏ်ရည်သီလရှင်စာသင်တိုက်၊ မေတ္တာအေးရိပ်သီလရှင်စာ သင်တိုက်၊ မဇ္ဈိမဂုဏ်ရည်သီလ ရှင်စာသင်တိုက်၊ ဓမ္မစေတီသီရိ မင်္ဂလာသီလရှင်စာသင်တိုက် များမှ သီလရှင်ဆရာကြီး၊ ဆရာလေးများ ဆွမ်းဆန်တော် အလှူခံကြွရောက်ရန် ခက်ခဲမှုရှိနေသည့် အတွက် အထောက်အပံ့ ဖြစ်စေရန်ရည်ရွယ်၍ သီလရှင် စာသင်တိုက်များ သို့ သွားရောက်ပြီး သီလရှင် ဆရာကြီးများထံ နဝကမ္မဝတ္ထုငွေများနှင့် အခြေခံ

Covid-19 ကာလအတွင်း အကူအညီလိုအပ်နေသော အိမ်ထောင်စုများသို့ ထောက်ပံ့လှူဒါန်းခြင်း

Covid-19 ကာလအတွင်း အကူအညီလိုအပ်နေသော အိမ်ထောင်စုများသို့ ထောက်ပံ့လှူဒါန်းခြင်း

(၇.၆.၂၀၂၀)ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များနှင့်ဘဝမြှင့်တင်ရေး အသင်း(MWCDF)မှ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များသည်မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်ရှိ အိမ်ထောင်စု(၃၂၀)ဦး ကို ဆန်၊ ဆီ၊ဆား၊ ကြက်သွန်၊ ​ထောက်ပံ့ခြင်းနှင့် တဆက်ထဲ ကနီမြို့နယ်၊ မင်းအိုရွာမှ အိမ်ထောင်စု(၃၃၈)ဦး ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ Mask100ခု စုစုပေါင်း(၄၅၈၀၀၀၀) ကျပ်ဘိုးထောက်ပံ့လှူဒါန်းခဲ့ပါသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အသင်းမှ Covid-19 ကာလအတွင်း မိဘမဲ့ကျောင်းများသို့ ထောက်ပံ့လှူဒါန်းခြင်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အသင်းမှ Covid-19 ကာလအတွင်း မိဘမဲ့ကျောင်းများသို့ ထောက်ပံ့လှူဒါန်းခြင်း

(၉.၆.၂၀၂၀)နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အသင်းမှ အလုပ်အမှုဆောင်များသည် လားရှိုးမြို့၊ မျက်မမြင်အဖွဲ့မှ ဦးစီးသော တက်စမ်းရေမိဘမဲ့ကျောင်း၊ ‘ဝ’ မိဘမဲ့ကျောင်း၊ ဧလိမ်မိဘမဲ့ ကျောင်းများသို့ Covid-19 ရောဂါကာလအတွင်း အလှူငွေ၊ စားသောက်ကုန်များ၊ ဗလာစာအုပ်နှင့် အကာအကွယ်ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ပါသည်။

ဧရာဝတီတိုင်း MWCDF အသင်းမှ Covid-19 ရောဂါကာကွယ်ရေးအတွက် လှူဒါန်းခြင်း

ဧရာဝတီတိုင်း MWCDF အသင်းမှ Covid-19 ရောဂါကာကွယ်ရေးအတွက် လှူဒါန်းခြင်း

(၇.၆.၂၀၂၀)ရက်နေ့တွင် ဧရာဝတီတိုင်း၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်း(MWCDF)မှ အလုပ်အမှုဆောင်များသည် ပုသိမ်ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး (ပင်းတယမီးအိမ်ရှင်) ထံ အလှူငွေ-(၁)သိန်းကျပ်နှင့် ပုသိမ်မြို့COVID-19 ကူညီရေးအဖွဲ့ထံ အလှူငွေ-(၃၀၀၀၀)ကျပ်နှင့် MASK-(၂၅၀)ခု လှူဒါန်းခဲ့ပါသည်။

မကွေးတိုင်း MWCDF အသင်းမှ Quarantine ဝင်နေသူများအား လိုအပ်သောပစ္စည်းများ လှူဒါန်းခြင်း

မကွေးတိုင်း MWCDF အသင်းမှ Quarantine ဝင်နေသူများအား လိုအပ်သောပစ္စည်းများ လှူဒါန်းခြင်း

(၅.၆.၂၀၂၀)နေ့တွင် မကွေးတိုင်း MWCDF အသင်းမှ အလုပ်အမှုဆောင်များသည် မကွေးမြို့၊ ပညာရေး ကောလိပ်တွင် Quarantine ဝင်နေရသူ (၆၄)ဦးအတွက် လိုအပ်နေသော ရေသန့်၊ အချိုရည်ဘူး၊ မုန့်များ၊ အိမ်သာသန့်ရှင်းရေးသုံးပစ္စည်းများ စုစုပေါင်း-(၁၃၁၇၀၀)ကျပ်ဖိုးအား သွားရောက်လှူဒါန်းခဲ့ပါသည်။