ပဲခူးမြို့ပေါ်ရှိ သီလရှင်စာသင်တိုက်များသို့ အခြေခံစားကုန်များ လှူဒါန်းခြင်း

၂၀၂၀ခုနှစ်၊ ဇွန် (၁၂)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ် များဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ အသင်းသူအသင်းသားများသည် Covid-19 ကာလနှင့် မိုးဦးကျ ကာလအချိန်၌ ပဲခူးမြို့ပေါ်ရှိ-

မဏိဇောတသီလရှင်စာသင်တိုက်၊

သဒ္ဓမ္မဂုဏ်ရည်သီလရှင်စာသင်တိုက်၊

မေတ္တာအေးရိပ်သီလရှင်စာ သင်တိုက်၊

မဇ္ဈိမဂုဏ်ရည်သီလ ရှင်စာသင်တိုက်၊

ဓမ္မစေတီသီရိ မင်္ဂလာသီလရှင်စာသင်တိုက်

များမှ သီလရှင်ဆရာကြီး၊ ဆရာလေးများ ဆွမ်းဆန်တော် အလှူခံကြွရောက်ရန် ခက်ခဲမှုရှိနေသည့် အတွက် အထောက်အပံ့ ဖြစ်စေရန်ရည်ရွယ်၍ သီလရှင် စာသင်တိုက်များ သို့ သွားရောက်ပြီး သီလရှင် ဆရာကြီးများထံ နဝကမ္မဝတ္ထုငွေများနှင့် အခြေခံ စားကုန်များဖြစ်သည့် ဆွမ်းဆန်၊ ဆီ၊ အာလူး၊ ကြက်သွန်၊ ကြာဆံ၊ ဘဲဥ၊ မုန့်မျိုးစုံများ လှူဒါန်းခဲ့ပါသည်။

ပဲခူးမြို့ပေါ်ရှိ သီလရှင်စာသင်တိုက်များသို့ အခြေခံစားကုန်များ လှူဒါန်းခြင်း
%d bloggers like this: