Myanmar

သာသနာ့ဂုဏ်ရည်သီလရှင်ပညာရေးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

သာသနာ့ဂုဏ်ရည်သီလရှင်ပညာရေးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၅.၆.၂၀၂၀)နေ့တွင် မကွေးတိုင်း MWCDF အသင်းမှ အလုပ်အမှုဆောင်များသည် မကွေးမြို့၊ သာသနာ့ ဂုဏ်ရည်သီလရှင်ပညာရေးကျောင်းသို့ Covid-19 ကာလအတွင်း အာဟာရဒါနအဖြစ် စုစုပေါင်း(၂၂၄၅၀၀)ကျပ် တန်ဖိုးရှိသော ဆန်၊ ဆီ၊ ကြက်သွန်နှင့် Mask များ သွားရောက်လှူဒါန်းခဲ့ပါ သည်။

ကချင်ပြည်နယ် MWCDF အသင်းမှ Covid-19 ကာလအတွင်း ဝင်ငွေနည်းပါးသော အိမ်ထောင်စုများအား ထောက်ပံ့လှူဒါန်းခြင်း

ကချင်ပြည်နယ် MWCDF အသင်းမှ Covid-19 ကာလအတွင်း ဝင်ငွေနည်းပါးသော အိမ်ထောင်စုများအား ထောက်ပံ့လှူဒါန်းခြင်း

(၂.၆.၂၀၂၀)ရက်နေ့တွင် ကချင်ပြည်နယ်၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြင့်တင်ရေးအသင်း(MWCDF)မှ အတွင်းရေးမှူး ဒေါ်အေးနွယ်နှင့်ECအဖွဲ့ဝင်များသည်Covid-19 ကာလ အတွင်း ဝင်ငွေနည်းပါးသော မိသားစုဝင်များအား ဆီ၊ ကြက်ဥ၊ ဆား၊ ကြက်သွန်နီ၊ ခေါက်ဆွဲခြောက်များကို လယ်ကုန်း ရပ်ကွက်ဇီးကျွန်းရှိ မိသားစုဝင်များသို့ ဒုတိယနေ့အဖြစ် သွားရောက်ကူညီလှူဒါန်းခဲ့ပါသည်။

စစ်ကိုင်းတိုင်း MWCDF အသင်းမှ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ Covid-19 ရောဂါကာကွယ်ရေးအတွက် Mask များ လှူဒါန်းခြင်း

စစ်ကိုင်းတိုင်း MWCDF အသင်းမှ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ Covid-19 ရောဂါကာကွယ်ရေးအတွက် Mask များ လှူဒါန်းခြင်း

(၁.၆.၂၀၂၀)ရက်နေ့တွင် စစ်ကိုင်းတိုင်း မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့် တင်ရေးအသင်း(MWCDF)မှ ဥက္ကဌ နှင့် ECအဖွဲ့သည် မြို့နယ်တွင် Quarantine ဝင်နေသော ပြည်သူများ အတွက် Mask(၁၀၀၀)ခုကို စစ်ကိုင်းခရိုင် အုပ်ချုပ် ရေးမှူးထံလှူဒါန်းခြင်းနှင့် မြို့နယ်အတွင်း Covid-19ကာလ မဖြစ်မနေသွားလာလှုပ်ရှားနေသော ပြည်သူများအား မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ mask တပ်ဆင်ပေးကာ အသိပညာ ပေးခဲ့ကြပါသည်။

Covid-19 ကာလအတွင်း ဝင်ငွေနည်းပါးသော အိမ်ထောင်စုများအား ထောက်ပံ့လှူဒါန်းခြင်းနှင့် Covid-19 ရောဂါကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်း

Covid-19 ကာလအတွင်း ဝင်ငွေနည်းပါးသော အိမ်ထောင်စုများအား ထောက်ပံ့လှူဒါန်းခြင်းနှင့် Covid-19 ရောဂါကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်း

(၁.၆.၂၀၂၀)နေ့တွင် ကချင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့် အလုပ်အမှုဆောင်များသည် မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်၊ ရွှေညောင်ပင်ရပ်ကွက်၊ မြို့သစ်ကြီးရပ်ကွက်များတွင် Covid-19 ကာလအတွင်း ဝင်ငွေနည်းပါးသော အိမ်ထောင်စု(၃၄)စုအား ဆန်၊ ဆီ စားသောက်ကုန်များ သွားရောက်လှူဒါန်းခြင်း၊ Covid-19 ရောဂါကာကွယ်ရေးအတွက် Mask တပ်ရန်၊ လက်အားမကြာခဏဆေးရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန် အသိပညာပေးဟောပြောခြင်းနှင့် စနစ်တကျ လက်တွေလေ့ကျင့်ပြသခြင်း ဆောင်ရွက်ခဲ့ပါသည်။

မန္တလေးတိုင်း MWCDF အသင်းမှ လမ်းခင်းလုပ်သားများအား အာဟာရဒါနပြု လှူဒါန်းမှု

မန္တလေးတိုင်း MWCDF အသင်းမှ လမ်းခင်းလုပ်သားများအား အာဟာရဒါနပြု လှူဒါန်းမှု

(၂၆.၅.၂၀၂၀)ရက်နေ့တွင် မန္တလေးတိုင်း မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ဥက္ကဋ္ဌ ဒေါ်တင်တင် နှင့် ECတို့သည် မန္တလေးမြို့၊ ကမ်းနားလမ်း၊ ချော်ဆိပ်ရေနံရိပ်သာလမ်း ရုံးရှေ့မှာ လမ်းခင်းနေသော လုပ်သား (၃၀) ကျော် ကို ထမင်း၊ ကြက်သဗြွန်း၊ Royal-D အချိုရည်များ၊ ခေါက်ဆွဲခြောက်ထုတ်၊ ရေသန့်တို့ကို Covid-19 ကာလ အလှူအနေဖြင့် ​ကုသိုလ်ပြုခဲ့ပါသည်။

တနင်္သာရီတိုင်း MWCDF အသင်းမှ ပညစ်ရွာရှိ အိမ်ထောင်စုများအားလှူဒါန်းခြင်းနှင့် တောင်ပေါ်ရှိ သံဃာတော်များအား ဆွမ်းကပ်လှူခြင်း၊ လုပ်အားဒါနကုသိုလ်ပြုခြင်း

တနင်္သာရီတိုင်း MWCDF အသင်းမှ ပညစ်ရွာရှိ အိမ်ထောင်စုများအားလှူဒါန်းခြင်းနှင့် တောင်ပေါ်ရှိ သံဃာတော်များအား ဆွမ်းကပ်လှူခြင်း၊ လုပ်အားဒါနကုသိုလ်ပြုခြင်း

(၃၁.၅.၂၀၂၀)ရက်နေ့တွင် တနင်္သာရီတိုင်း ထားဝယ်မြို့နှင့် မိုင်(၂၀)အကွာတောင်ခြေ ပညစ်ရွာတွင် Covid-19 ကာလတွင် အလုပ်အကိုင်မရှိ၍ စားဝတ်နေရေးအခက်အခဲဖြစ်နေသော အိမ်ထောင်စု (၃၀)အား တနင်္သာရီတိုင်း၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ ဆန်၊ ဆီ၊ ကြက်သွန် တို့ကို ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာရပ်မိရပ်ဖများ၏ အကူအညီဖြင့် MWCDF အသင်းအဖွဲ့ဝင်များက သွားရောက်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ပညစ်တောင်ပေါ်ရှိ ကျောင်းဆောင်ဆောက်လုပ်နေသော အဏ္ဏဝါသံဃဝိဟာရဇီဝိတ စင်တာတွင် ဆရာတော် သံဃာတော်များအား ဆွမ်းချက်ကပ်လှူခြင်းနှင့် အရိပ်ရသစ်ပင်၊ စားပင်၊ သီးပင်၊ ပန်းအလှပင်များ စိုက်ပျိုးခြင်း၊ အဆောင်ဆောက်လုပ်ရာတွင် တောရိုင်းများကို