တနင်္သာရီတိုင်း MWCDF အသင်းမှ ပညစ်ရွာရှိ အိမ်ထောင်စုများအားလှူဒါန်းခြင်းနှင့် တောင်ပေါ်ရှိ သံဃာတော်များအား ဆွမ်းကပ်လှူခြင်း၊ လုပ်အားဒါနကုသိုလ်ပြုခြင်း

(၃၁.၅.၂၀၂၀)ရက်နေ့တွင် တနင်္သာရီတိုင်း ထားဝယ်မြို့နှင့် မိုင်(၂၀)အကွာတောင်ခြေ ပညစ်ရွာတွင် Covid-19 ကာလတွင် အလုပ်အကိုင်မရှိ၍ စားဝတ်နေရေးအခက်အခဲဖြစ်နေသော အိမ်ထောင်စု (၃၀)အား တနင်္သာရီတိုင်း၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ ဆန်၊ ဆီ၊ ကြက်သွန် တို့ကို ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာရပ်မိရပ်ဖများ၏ အကူအညီဖြင့် MWCDF အသင်းအဖွဲ့ဝင်များက သွားရောက်လှူဒါန်းခဲ့ပါသည်။

ဆက်လက်၍ ပညစ်တောင်ပေါ်ရှိ ကျောင်းဆောင်ဆောက်လုပ်နေသော အဏ္ဏဝါသံဃဝိဟာရဇီဝိတ စင်တာတွင် ဆရာတော် သံဃာတော်များအား ဆွမ်းချက်ကပ်လှူခြင်းနှင့် အရိပ်ရသစ်ပင်၊ စားပင်၊ သီးပင်၊ ပန်းအလှပင်များ စိုက်ပျိုးခြင်း၊ အဆောင်ဆောက်လုပ်ရာတွင် တောရိုင်းများကို ရှင်းလင်းခုတ်ထွင်ခြင်းများ ပြုလုပ်ကာ တစ်နေ့တာ လုပ်အားကုသိုလ်ပြုခဲ့ပါသည်။

တနင်္သာရီတိုင်း MWCDF အသင်းမှ ပညစ်ရွာရှိ အိမ်ထောင်စုများအားလှူဒါန်းခြင်းနှင့် တောင်ပေါ်ရှိ သံဃာတော်များအား ဆွမ်းကပ်လှူခြင်း၊ လုပ်အားဒါနကုသိုလ်ပြုခြင်း
%d bloggers like this: