Myanmar

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု အကြိုဆွေးနွေးပွဲ

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု အကြိုဆွေးနွေးပွဲ

(၂၂.၁၁.၂၀၁၉)ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများ နှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ အတွင်းရေးမှူး နှင့် အဖွဲ့ဝင်တို့သည် နေပြည်တော်၊ သင်္ဂဟဟိုတယ်၌ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု အကြိုဆွေးနွေးပွဲ သို့ တက်ရောက်ခဲ့ပါသည်။

ရှမ်းနှစ်သစ်ကူးပွဲတော်သို့တက်ရောက်ခြင်း

ရှမ်းနှစ်သစ်ကူးပွဲတော်သို့တက်ရောက်ခြင်း

(၂၁.၁၁.၂၀၁၉)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ အဖွဲ့သားများသည် အသင်းဝင် ရှမ်းတိုင်းရင်းသူများ၏ ဖိတ်ကြားချက်ကို ချစ်ခင်လေးစားသောအားဖြင့် ရှမ်းပြည်နယ်တောင်ကြီး မြို့ အဝေရာမီးပုံးပျံကွင်းတွင် ကျင်းပသော ရှမ်းနှစ်သစ် ကူးပွဲတော်ကို စည်းလုံးညီညွတ်စွာ ပျော်ပျော်ရွှင်ရွှင်ဖြင့် ပူးပေါင်းပါဝင်ဆင်နွဲကာ တိုင်းရင်းသားချစ်ကြည်ရေးကို အလေးထားကာ တက်ရောက်ခဲ့ကြပါသည်။

ရင်သားကင်ဆာနှင့် ကနဦးစမ်းသပ်စစ်ဆေးခြင်းဆိုင်ရာ အသိပညာပေးသင်တန်းကျင်းပပြုလုပ်ခြင်း

ရင်သားကင်ဆာနှင့် ကနဦးစမ်းသပ်စစ်ဆေးခြင်းဆိုင်ရာ အသိပညာပေးသင်တန်းကျင်းပပြုလုပ်ခြင်း

ပဲခူးမြို့ သီရိဟံသာခန်းမတွင် နိုဝင်ဘာလ(၂၀)ရက်နေ့ နံနက်(၉)နာရီအချိန်က မြန်မာနိုင်ငံ အမျိုးသမီး များနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဦးဆောင်ပြီး ရွွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေး ရှင်းနှင့်ပူးပေါင်း၍ အမျိုးသမီးကျန်းမာရေး ကဏ္ဍနှင့် ပတ်သက်၍ “ ရင်သားကင်ဆာနှင့် ကနဦးစမ်းသပ် စစ်ဆေးခြင်းဆိုင်ရာ” ခေါင်းစဉ်ဖြင့် အသိပညာပေး သင်တန်းအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF) ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နှင့် CECများ၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း MWCDFအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ ရွွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ နှင့်

၂၀၁၉ခုနှစ်၊ ကမ္ဘာ့ကလေးများနေ့

၂၀၁၉ခုနှစ်၊ ကမ္ဘာ့ကလေးများနေ့

(၂၀.၁၁.၂၀၁၉)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများ နှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF )မှ အလုပ်အမှုဆောင်တို့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ နေပြည်တော်၊ သင်္ဂဟဟိုတယ်၌ ကျင်းပပြုလုပ်သော “ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗန်းရှင်း နှစ်(၃၀)ပြည့် အထိမ်းအမှတ် (၂၀၁၉ခုနှစ်၊ ကမ္ဘာ့ကလေးများနေ့) ” အခမ်းအနား သို့ တက်ရောက်ခဲ့ ပါသည်။

ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ်

ကမ္ဘာ့ကလေးများနေ့  အထိမ်းအမှတ်

(၁၉.၁၁.၂၀၁၉)ရက်နေ့တွင် ပဲခူတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ကျင်းပပြုလုပ်သော ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ ” ကမ္ဘာ့ကလေးများ နေ့အထိမ်းအမှတ်” အခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ပဲခူးတိုင်းဒေသကြီးအဖွဲ့မှ ဥက္ကဋ္ဌ နှင့် အလုပ်အမှု ဆောင်များက တက်ရောက်၍ အက ပဒေသာဖြင့် ကပြဖျော်ဖြေခဲ့သော ကလေးများအား အရုပ်များ လက်ဆောင် ပေးအပ်ခဲ့ပါသည်။

၂၀၁၉ခုနှစ်၊ ကမ္ဘာ့ ကလေး များနေ့

၂၀၁၉ခုနှစ်၊ ကမ္ဘာ့ ကလေး များနေ့

(၁၉.၁၁.၂၀၁၉)ရက်နေ့တွင် ရှှမ်း ပြည် နယ် တောင် ပိုင်း ၊ တောင်ကြီး မြို့ ၌ ကျင်း ပပြု လုပ် သော ” ၂၀၁၉ခုနှစ်၊ ကမ္ဘာ့ ကလေး များ နေ့ ” အခမ်းအနားသို့ မြန်မာ နိုင် ငံ အမျိုးသမီး များနှင့် ကလေး သူငယ် များ ဘဝမြှင့် တင်ရေး အသင်း( ရှမ်း ပြည် နယ် တောင် ပိုင်း) ဥက္ကဌ၊ ဒုဥက္ကဌ