ကျန်းမာရေးကူညီလှူဒါန်းမှု့

(၂၃.၁၀.၂၀၁၉)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF-SSS)မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည် ချမ်းမြသာစည်ရပ်ကွက်နေ မရွှေရီသည် လက်သန်း၌ ပိုးဝင်ပြီးဖြစ်သော ပြည်တည်နာအား ခိုင်မေတ္တာဆေးရုံတွင် ခွဲစိတ်ပါရဂူ ဒေါက်တာဇေယျာဦးက မေတ္တာဖြင့်ခွဲစိတ်ကုသပေးကာ ခွဲခန်းကုန်ကျမှုစရိတ်နှင့် ဆေးဝါးများအတွက် ကုန်ကျ စရိတ် စုစုပေါင်းအား ဥက္ကဌ၊ ဒုဥက္ကဌ(၂)ဦးနှင့် အတွင်းရေးမှူးတို့မှ စုပေါင်းကူညီလှူဒါန်းခဲ့ပါသည်။ အဆင်မ ပြေမှုကို အံတင်းရင်း လက်သန်းဖြတ်ရမည့်အရေးထိ ဖြစ်နေသည့် မရွှေရီကို (MWCDF-SSS)အလုပ်အမှု ဆောင်များမှ အချိန်မှီကုသပေးနိုင်ခဲ့ပါသည်။ ယနေ့လှူဒါန်းပေးသည့် အလှူရှင်များအား (MWCDF-SSS)အသင်းမှ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။













