ဒုတိယအကြိမ်မြောက် စုပေါင်း မဟာဘုံကထိန်အလှူတော် မင်္ဂလာရေစက်ချပွဲ

MWCDFအသင်း၏ ဒုတိယအကြိမ်မြောက် စုပေါင်း မဟာဘုံကထိန်အလှူတော် မင်္ဂလာရေစက်ချပွဲ
*******************************

(၂၇.၁၀.၂၀၁၉)ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်းမှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များသည် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်းအုပ်စု၊ ရွှေမြိုင်ပရိယတ္တိ စာသင်တိုက်၌ MWCDFအသင်း ၏ ဒုတိယအကြိမ်မြောက်
စုပေါင်းမဟာဘုံက ထိန်အလှူတော်မင်္ဂလာ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် သံဃာတော်အရှင်မြတ်များအား ကထိန်သင်္ကန်းများဆက်ကပ်လှူဒါန်းခြင်း၊ ပဒေသာပင်ဆက်ကပ်လှူဒါန်းခြင်း၊ ၀တ္ထုအလှူငွေ(၂၇)သိန်းကျပ်လှူဒါန်းခြင်း၊ ဆန်၊ ဆီ နှင့် အခြားလှူဘွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကာ ဆရာတော်ထံမှ ကထိန်ရေစက်ချတရားနာယူပြီး ကထိန်အောင်ပွဲ ရွှေမိုးငွေမိုးကြဲခြင်းနှင့် သံဃာတော်အရှင်မြတ်များနှင့် သာမဏေများ ကို နေ့ဆွမ်းနှင့် အချိုပွဲများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ယနေ့ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း ကုသိုလ်အကျိုးရရှိခံ စားနိုင်ကြပါစေရန် ကုသိုလ်အမျှ
ပေးဝေပါတယ်… ကုသိုလ်အမျှရကြ၍ နတ် လူ သတ္တဝါ အပေါင်း သာဓု သာဓု သာဓု ခေါ်ဆိုနိုင်ကြ ပါစေ။

ကထိန်တရားနာယူခြင်း
အလှူငွေများဆက်ကပ်လှူဒါန်းခြင်း
သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း
ဒုတိယအကြိမ်မြောက် စုပေါင်း မဟာဘုံကထိန်အလှူတော် မင်္ဂလာရေစက်ချပွဲ
%d bloggers like this: