Myanmar

ကွန်းထောက်မြို့သစ် (ဘ.က)ကျောင်း သို့ သွားရောက်လှူဒါန်းခြင်း

ကွန်းထောက်မြို့သစ်  (ဘ.က)ကျောင်း သို့ သွားရောက်လှူဒါန်းခြင်း

(၂၆.၁၀.၂၀၁၉)ရက်နေ့တွင်မကွေးတိုင်းMWCDFအသင်းမှရေနံချောင်းမြို့ညောင်လှဆိပ်သာ ကွန်းထောက်မြို့သစ် (ဘ.က)ကျောင်း လင်းလက်မြေပညာဒါနကျောင်း သို့ သွားရောက်၍ အလှူငွေ-၁၅၀၀၀၀ ကျပ်နှင် ဆန် ၅အိတ်၊ဆီ ၂၀ပိဿာ ၊ဖျာ ၁၀ချပ် စုစုပေါင်း(၄၁၇၀၀၀)ကျပ်ဘိုးလှူဒါန်းခဲ့ကြပါသည်။

အာဟာရ ကျွေးမွေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု့ပေးခြင်းနှင့် အသိပညာဖြန့်ဝေခြင်း

အာဟာရ ကျွေးမွေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု့ပေးခြင်းနှင့် အသိပညာဖြန့်ဝေခြင်း

(၂၃.၁၀.၂၀၁၉)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း မှ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များသည် တောင်ကြီးမြို့ ချမ်းမြသာစည်ရပ်၊ အ.မ.က(၅)ကျောင်း သို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူ(၂၈) ဦးကို အလှူရှင်MWCDFအသင်းဝင် မသင်းသင်းနု(မိသားစု)မှ အဟာရခေါက်ဆွဲကြော်၊ ကြာဇံကြော်နှင့် အလုပ်အမှုဆောင် ဦးကြည်လေးက ပေါင်မုန့်များကျွေးမွေးခြင်း၊ အလုပ်အမှုဆောင် မနန်းလှသန်းက ဖိနပ်များ လှူဒါန်း ပေးခဲ့ကြပါသည်။ ဆက်လက်ပြီး ဒေါက်တာဇာနည်အေးဝင်းမှ သက်ငယ်မုဒိန်းကင်းစင်ရေး အားလုံးပူးပေါင်းပါ ဝင်ရေးခေါင်းစဉ် ဖြင့်လည်းကောင်း၊ ဥက္ကဋ္ဌ ဒေါ်ကေသီအောင်မှ သံကောင်ရောဂါ၊ ဝမ်းပျက်ဝမ်း လျှောရောဂါ ၊ ရာသီပေါ်တုတ် ကွေးရောဂါ

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

ရှမ်း ပြည် နယ် မြောက် ပိုင်း ၊ ဝက်သက် ဂျိုက် သိုး ရောဂါ ကာကွယ် ဆေး ထပ်ဆောင်း ထိုး နှံ ခြင်း (၂၀၁၉) ပြည် နယ် အဆင့် အသိပေးရှင်း လင်း ခြင်း အစည်း အဝေး သို့ ရှမ်းပြည်နယ် မြောက်ပိုင်း မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း( MWCDF -NSS)မှ ပြည်နယ် ၊ခရိုင်၊ မြို့ နယ် မိခင် နှင့်

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၁၉.၁၀.၂၀၁၉)ရက်နေ့တွင် မွန်ပြည်နယ် MWCDF အသင်းမှ အလုပ်အမှုဆောင်များသည် မွန်ပြည်နယ် အားကစားနှင့်ကာယပညာကော်မတီ နှင့် ပြည်နယ် အမျိုးသမီးအားကစားအဖွဲ့တို့မှ ပူးပေါင်းကျင်းပသော (၁၀)မြို့နယ်အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု(အေရိုးပစ်) နှင့် Myanmar FITNESS DANCE ပြိုင်ပွဲ ဆုပေးပွဲနှင့် သရုပ်ပြပွဲသို့ သွားရောက်အားပေးခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက် ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ အခမ်းအနားသို့ တက်ရောက်ခြင်း

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက် ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ အခမ်းအနားသို့ တက်ရောက်ခြင်း

(၁၈.၁၀.၂၀၁၉)ရက်နေ့တွင် MWCDFအသင်းမှ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များသည် နေပြည်တော်၊ MICC-2 ခန်းမ၌ ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ သဘာဝ ဘေးအန္တရာယ်ထိခိုက် ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

” မြန်မာနိုင်ငံဉာဏ်ရည်မသန်စွမ်းသူများဆိုင်ရာပညာရေးညီလာခံ” အခမ်းအနားတက်ရောက်ခြင်း

” မြန်မာနိုင်ငံဉာဏ်ရည်မသန်စွမ်းသူများဆိုင်ရာပညာရေးညီလာခံ”  အခမ်းအနားတက်ရောက်ခြင်း

(၁၇.၁၀.၂၀၁၉)ရက်နေ့တွင် MWCDFအသင်းမှ ဒုဥက္ကဋ္ဌ ဒေါ်စုညွန့်ဦးနှင့် အဖွဲ့ဝင်များသည်နေပြည်တော် MICC-2 ၌ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ နှင့် မြန်မာနိုင်ငံ အထူးပညာရေးအသင်းတို့ ပူးပေါင်း ကျင်းပသော “ မြန်မာနိုင်ငံ ဉာဏ်ရည်မသန်စွမ်းသူ များဆိုင်ရာပညာရေးညီလာခံ” အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။