Myanmar

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများ နေ့အခမ်းအနား

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများ နေ့အခမ်းအနား

(၁.၁၀.၂၀၁၉)ရက်နေ့တွင်၊ ရန်ကုန်တိုင်းဒေသကြီး၊ နှင်းဆီကုန်းဘိုးဘွားရိပ်သာ၌ ကျင်းပပြုလုပ်သော ၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများ နေ့အခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF) ရန်ကုန်တိုင်း ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များမှ တက်ရောက်ခဲ့ကြပါသည်။

“ မိမိရင်သား မိမိကိုယ်တိုင် စမ်းသပ်နည်း” နည်းပြသင်တန်းအား တက်ရောက် ဆွေးနွေးခြင်း

“ မိမိရင်သား မိမိကိုယ်တိုင် စမ်းသပ်နည်း”  နည်းပြသင်တန်းအား တက်ရောက် ဆွေးနွေးခြင်း

(၅.၁၀.၂၀၁၉)ရက်နေ့တွင် ရန်ကုန်သူနာပြုတက္ကသိုလ် ခန်းမ၌ 🌸 ပန်းရောင်နှင်းဆီ 🌸 ရင်သားကင်ဆာ လူနာ စောင့်ရှောက်သူများအဖွဲ့မှ ကျင်းပပြုလုပ်သည့် “ မိမိရင်သား မိမိကိုယ်တိုင် စမ်းသပ်နည်း” နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသမီးနှင့်ကလေး သူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF) ဗဟို ဥက္ကဋ္ဌ ဒေါက်တာဝေဝေသာနှင့် ရန်ကုန်တိုင်းအသင်း အလုပ်အမှုဆောင်များမှ တက်ရောက်ခဲ့ကြပါသည်။ ဆက်လက်၍ ရန်ကုန်တိုင်း MWCDFအသင်း အလုပ်အမှုဆောင်များမှ “ မိမိရင်သား မိမိကိုယ်တိုင် စမ်းသပ်နည်း” နည်းပြသင်တန်းအား တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

ကျန်းမာရေးအသိပညာပေးဟောပြောပွဲတက်ရောက်ခြင်း

ကျန်းမာရေးအသိပညာပေးဟောပြောပွဲတက်ရောက်ခြင်း

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၊ မြို့တော်ခန်းမ၌(၂၉.၉.၂၀၁၉)နေ့တွင် မြန်မာနိုင်ငံ အစာအိမ်အူလမ်း ကြောင်းနှင့်အသည်းရောဂါဖောင်ဒေးရှင်း ဥက္ကဌ ပါမောက္ခ ဗိုလ်မူးကြီး ဒေါက်တာကျော်စိုးထွန်းမှ ကြီးမှူးပြီး အရက် အရက်စွဲရောဂါနှင့်အသည်းရောဂါအကြောင်း သိကောင်း စရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း ပဲခူးတိုင်း ဥက္ကဌ စာရေးဆရာမ ဒေါ်ဝတ်ရည်ခင်မှ ကြိုဆိုနူတ်ခွန်းဆက် စကားပြောကြား ပေးပြီး ပဲခူးတိုင်း မြန်မာနိုင်ငံဆရာဝန်အသင်းမှ အတွင်းရေးမှူး ဒေါက်တာနေမျိုးမှလည်း ကြိုဆိုနှုူတ်ခွန်း ဆက်စကားပြောကြားပေးခဲ့ပါသည်။ ဗိုလ်မှူးကြီး ဒေါက်တာကျော်စိုးထွန်း ကလည်းဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် အရက်စွဲရောဂါနှင့်အသည်းရောဂါအကြောင်းသိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့ ပါသည်။ အစာအိမ်အူလမ်းကြောင်းနှင့်အသဲရောဂါဖောင်ဒေးရှင်း မြန်မာ –

အပြည်ပြည်ဆိုင် ရာ သက်ကြီးရွယ်အိုများနေ့တက်ရောက်ခြင်း

အပြည်ပြည်ဆိုင် ရာ သက်ကြီးရွယ်အိုများနေ့တက်ရောက်ခြင်း

(၁.၁၀.၂၀၁၉)ရက်နေ့တွင် မွန်ပြည်နယ် MWCDF အသင်းမှ အဖွဲ့ဝင်များသည် မွန်ပြည်နယ်၊ မော်လမြိုင် မြို့၌ ကျင်းပပြုလုပ်သော ၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင် ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အခမ်းအနား သို့တက်ရောက်၍ ဘိုးဘွားများအား လှူဘွယ်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများ နေ့အခမ်းအနားသို့

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများ နေ့အခမ်းအနားသို့

(၁.၁၀.၂၀၁၉)ရက်နေ့တွင်၊ ရန်ကုန်တိုင်းဒေသကြီး၊ နှင်းဆီကုန်းဘိုးဘွားရိပ်သာ၌ ကျင်းပပြုလုပ်သော ၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများ နေ့အခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF) ရန်ကုန်တိုင်း ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များမှ တက်ရောက်ခဲ့ကြပါသည်။

၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနား တက်ရောက်ခြင်း

၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနား တက်ရောက်ခြင်း

(၁.၁၀.၂၀၁၉)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးမှ ကျင်းပပြုလုပ်သည့် ၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင် ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို ပဲခူးတိုင်း မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များမြှင့်တင်ရေးအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ သွားရောက်ပြီးအဘိုးအဘွား(၁၀၈)ဦးအား တက်ရောက်ကန်တော့ ခဲ့ကြပါသည်။