Myanmar

လုပ်ငန်းညှိနှိုင်း အစည်းအဝေး သို့ တက်ရောက်ခြင်း

လုပ်ငန်းညှိနှိုင်း အစည်းအဝေး သို့ တက်ရောက်ခြင်း

(၂၈.၈.၂၀၁၉)ရက်နေ့တွင် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို MWCDFအသင်း အလုပ်အမှုဆောင် ဦးလှထွန်းခိုင် မှ တက်ရောက်ဆွေးနွေးခဲ့ပါသည်။  

အာဟာရရက်သတ္တပတ် လှုပ်ရှားမှုအနေဖြင့် Fedwell Foods အစာခြောက်ထုပ်များချက်ပြုတ်တိုက်ကျွေးခြင်း

အာဟာရရက်သတ္တပတ် လှုပ်ရှားမှုအနေဖြင့် Fedwell Foods အစာခြောက်ထုပ်များချက်ပြုတ်တိုက်ကျွေးခြင်း

(၂၆.၈.၂၀၁၉)နေ့တွင် တနင်္သာရီတိုင်း MWCDF အသင်းမှ အလုပ်အမှုဆောင်များသည် အာဟာရရက်သတ္တပတ်လှုပ်ရှားမှုအနေဖြင့် ထားဝယ်မြို့၊ နောက်ရပ်ကွက် (အ.မ.က)ကျောင်းနှင့် မြို့တွင်း(အ.မ.က)ကျောင်းတို့တွင် ပညာသင်ကြားနေသော ကျောင်းသား/သူ(၁၃၀)ဦးအားအာဟာရ Fedwell Foods အစာခြောက်ထုပ်များချက် ပြုတ်၍ တိုက်ကျွေးခဲ့ကြပါသည်။  

ဆုထူးပန်ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းတွင် လှူဒါန်းခြင်း

ဆုထူးပန်ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းတွင် လှူဒါန်းခြင်း

၂၆.၈.၂၀၁၉)ရက်နေ့တွင် ရန်ကုန်တိုင်း မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘ၀မြှင့်တင်ရေးအသင်း(MWCDF) မှ အလုပ်အမှုဆောင်များသည် သန်လျင်မြို့၊ အောင်ချမ်း သာတိုးချဲ့ရပ်ကွက် ဆုထူးပန်ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းတွင် ပညာသင်ကြားနေသော ရှင်သာမဏေ များ၊ သီလရှင်များ နှင့် ကျောင်းသား/သူ (၅၇၅)ဦးတို့အား ပညာသင်ထောက်ပံ့ခြင်းအစီအစဉ်ဖြင့် စာအုပ် (၁၀၀) ဒါဇင်၊ ဘောပင် (၅၀) ဒါဇင်၊ ခဲတံ (၅၀)ဒါဇင်နှင့် ကျောင်းထိုင် ဆရာတော် နှင့်တိုက်အုပ်ဆရာတော်တို့အား သင်္ကန်း (၂)စုံ၊ ဆန် (၂)အိတ်၊ ဆီ (၁၀) ပိဿာ၊ ကော်ဖီမစ်(၆)ပါကင် နှင့် နဝကမ္မအလှူတော်ငွေ တစ်သိန်းကျပ်လှူဒါန်းခဲ့

မအူလေးပင် အ.လ.က ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

မအူလေးပင် အ.လ.က ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၆.၈.၂၀၁၉)နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘ၀မြှင့်တင်ရေးအသင်းမှ ဒုဥက္ကဋ္ဌနှင့် CECများသည် ဥတ္တရသီရိမြို့နယ်၊ မအူလေးပင် အ.လ.ကကျောင်းသို့ သွားရောက်၍ ဆရာ/ဆရာမ များနှင့်တွေ့ဆုံကာ မူလတန်းကလေးများအတွက် လိုအပ်နေသော သင်ထောက်ကူစာအုပ်များနှင့် မုန့်ထုပ်များပေးအပ်ခဲ့ပြီး အလှူရှင် CECဖြစ်သူ ဒေါ်အေးအေးခိုင်(မိသားစု)မှ မြေးဖြစ်သူ Audrey Htut မွေးနေ့အလှူကျောင်းသား/သူများကို အာဟာရအဖြစ် သာကူကျိုများတိုက်ကျွေး ကုသိုလ်ပြုခဲ့ကြပါသည်။

YGW မိဘမဲ့ကလေးများစောင့်ရှောက်ရေးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

YGW မိဘမဲ့ကလေးများစောင့်ရှောက်ရေးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၆.၈.၂၀၁၉)နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘ၀မြှင့်တင်ရေးအသင်းမှ ဒုဥက္ကဋ္ဌနှင့် CECများသည် ပုဗ္ဗသီရိမြို့နယ်၊ လယ်သာရွာ အနောက်ဖက်တွင် ဖွင့်လှစ်ထားသော YGW မိဘမဲ့ကလေးများစောင့်ရှောက်ရေးကျောင်းသို့ သွားရောက်ခဲ့ပါသည်။ ကျောင်းတွင်ရှိသော ကျောင်းထိုင်ဆရာတော်အား တွေ့ဆုံ၍ မိဘမဲ့ကျောင်းသား/သူ(၁၅၀)ဦးကို တစ်နေ့တာအာဟာရဒါနအဖြစ် အလှူရှင် CEC ဖြစ်သူ ဒေါ်အေးအေးခိုင်(မိသားစု)မှ မြေးဖြစ်သူ Audrey Htut  ၏ မွေးနေ့အတွက် လှူဒါန်းခဲ့ပါသည်။ ထို့နောက် ဆောက်လုပ်ဆဲ ဆွမ်းစားကျောင်း ဆောင်အတွက် အလှူ ရှင် ဦးသန့်စင်+ဒေါ်အေးအေးခိုင်(မိသားစု)မှ အလှူငွေ(၂၀)သိန်း၊ ဒုဥက္ကဋ္ဌ နှင့်CECများစုပေါင်း၍ အလှူငွေ(၁၁၀၀၀၀) ကျပ် မတည်လှူဒါန်းခဲ့ပြီး ဆရာတော်အားနေ့ဆွမ်းကပ်လှူကာ

တနင်္သာရီတိုင်း၊ MWCDFအသင်း မှအလုပ်အမှုဆောင်များတွေ့ဆုံ၍ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးတိုင်ပင်ခြင်း

တနင်္သာရီတိုင်း၊ MWCDFအသင်း မှအလုပ်အမှုဆောင်များတွေ့ဆုံ၍ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးတိုင်ပင်ခြင်း

(၂၆.၈.၂၀၁၉)နေ့တွင် တနင်္သာရီတိုင်း၊ MWCDFအသင်း မှ အလုပ်အမှုဆောင်များသည် နေပြည်တော်တွင် ကျင်းပ ပြုလုပ်ခဲ့သော ဗဟိုရုံးချုပ်၏ နှစ်ပတ်လည် အစည်းအဝေး တွင် ဆွေးနွေးချက်များ၊ အတွေ့အကြုံများနှင့် တက်ရောက်ခဲ့သောသင်တန်းများအကြောင်းကို အသင်းအဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး ကိုယ်တိုင်ရှင်းလင်းတင်ပြ၍ အသိ ပညာများကို မျှဝေပေးခဲ့ကြပြီး ဗဟိုကလှူဒါန်းလိုက်သော အာဟာရထုပ်များအား မည်သို့လှူဒါန်းမည့် ကိစ္စများ ကိုလည်း ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် စောင့်ရှောက် ကူညီရန်လို့အပ်သည့် နေရာဒေသနှင့်ရှေ့လုပ်ငန်းစဉ် များကို ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။