Myanmar

ရှမ်းမြောက် MWCDF အသင်းမှ ၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားတက်ရောက်ခြင်း

ရှမ်းမြောက် MWCDF အသင်းမှ ၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားတက်ရောက်ခြင်း

(၈.၃.၂၀၁၉)နေ့၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ လားရှိုးမိုတယ်ခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

နွေရာသီအင်္ဂလိပ်စာ (Pre-Intermediate Level) သင်တန်းဖွင့်လှစ်ခြင်း

နွေရာသီအင်္ဂလိပ်စာ (Pre-Intermediate Level) သင်တန်းဖွင့်လှစ်ခြင်း

နွေရာသီအင်္ဂလိပ်စာ (Pre-Intermediate Level) သင်တန်းဖွင့်ပွဲကို (၉.၃.၂၀၁၉)ရက်နေ့၊ နံနက်(၁ဝး၃၀)နာရီတွင် ကျောင်းသား/သူ(၄၀)ဦးနှင့် ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလမှာ (၃)လဖြစ်ပါသည်။ သင်တန်းဖွင့်ပွဲတွင် MWCDF (ရုံးချုပ်)မှ CEC များ၊ အ.ထ.က(၁၂)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာ/မများ၊ သင်တန်းဆရာတို့ တက်ရောက်ခဲ့ကြပြီး အသင်း CEC ဒေါက်တာနန္ဒာမွှန်းမှ အမှာစကား ပြောကြားခြင်း၊ အတွင်းရေးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်၊ သင်တန်းစည်းကမ်းများ ရှင်းလင်း ပြောကြားခြင်း၊ ကျောင်းအုပ်ဆရာမကြီးမှ အမှာစကားပြောကြားခြင်း၊ သင်တန်းဆရာ ဦးမင်းစိုးသူရမှ အမှာ စကားပြောကြားခဲ့ပြီး ကျောင်းသား/သူ(၄၀)အား အအေး၊

၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနား

၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနား

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားကို နေပြည်တော်၊ MICC-2 တွင် (၈.၃.၂၀၁၉)ရက်နေ့၊ နံနက်(၀၉း၃၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ MWCDF အသင်းမှ ဥက္ကဋ္ဌနှင့် CEC များ၊ တိုင်း/ပြည်နယ်များမှ ဖိတ်ကြားထားသော အဖွဲ့ဝင်များ စုစုပေါင်း-(၂၅)ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနား ပထမပိုင်းအား (၁၁းဝ၀)နာရီတွင် ပြီးဆုံး၍ အမှတ်တရဓါတ်ပုံရိုက်ကူးကြပြီး အသင်းများမှ ပြသထားသော ပြခန်းများအား ဒုသမ္မတမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြ ပါသည်။ မိမိတို့အသင်းမှ ပြခန်းတွင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား အသင်းဥက္ကဋ္ဌ၊ အတွင်းရေး မှူးတို့က ရှင်းလင်းပြောကြားခဲ့ပါသည်။ မွန်းလွဲ(၁၅းဝ၀)နာရီတွင်

မဟာမြိုင်ကျေးရွာ MWCDF အဖွဲ့ဝင်များမှ ကျောင်းသား/သူလေးများအား ကူညီလှူဒါန်းခြင်း

မဟာမြိုင်ကျေးရွာ MWCDF အဖွဲ့ဝင်များမှ ကျောင်းသား/သူလေးများအား ကူညီလှူဒါန်းခြင်း

(၅.၃.၂၀၁၉)နေ့တွင် မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ မဟာမြိုင်ကျေးရွာမှ MWCDF အဖွဲ့ဝင်များသည် မဟာမြိုင်ကျေးရွာ၌ (၅.၃.၂၀၁၉)နေ့မှ (၂၈.၃.၂၀၁၉)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားမည့် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းတက်ရောက်သည့် ကျောင်းသား/သူကလေးများ (၅၅)ဦးအတွက် မဟာမြိုင် MWCDF အဖွဲ့ဝင်များမှ ထုတ်လုပ်သော အဝတ်လျှော်ဆပ်ပြာဆီ၊ ပန်းကန်ဆေးဆပ်ပြာဆီ၊ ရေချိုးဆပ်ပြာဆီ၊ ခေါင်းလျှော်ရည်နှင့် ဗလာစာအုပ်၊ ဘောပင်၊ ခဲတံများအား လှူဒါန်းပေးခဲ့ပါသည်။

ဆွမ်းဆန်စိမ်းလောင်းလှူခြင်းအခမ်းအနားတွင် ပါဝင်လှူဒါန်းခြင်း

ဆွမ်းဆန်စိမ်းလောင်းလှူခြင်းအခမ်းအနားတွင် ပါဝင်လှူဒါန်းခြင်း

(၆.၃.၂၀၁၉)နေ့တွင် စစ်ကိုင်းတိုင်း MWCDF အဖွဲ့ဝင်များသည် စူဠဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း သီလရှင်ဝတ်စုံ(၂၀)စုံ လှူဒါန်းခဲ့ပါသည်။

အမျိုးသမီးနှင့်ကလေးသူငယ်များအတွက် ထောက်ပံ့လှူဒါန်းခြင်း

အမျိုးသမီးနှင့်ကလေးသူငယ်များအတွက် ထောက်ပံ့လှူဒါန်းခြင်း

(၆.၃.၂၀၁၉)နေ့တွင် စစ်ကိုင်းတိုင်း MWCDF အဖွဲ့ဝင်များသည် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ ကူညီထောက်ပံ့ရန် လိုအပ်လျက်ရှိသော အမျိုးသမီးနှင့်ကလေးသူငယ်များအတွက် ထောက်ပံ့ငွေနှင့် မုန့်များ သွားရောက်လှူဒါန်းခဲ့ပါသည်။