Myanmar

MWCDF အသင်းမှ ကြီးမှူးကျင်းပသော ဆပ်ပြာပြုလုပ်နည်းသင်တန်းဖွင့်ပွဲ

MWCDF အသင်းမှ ကြီးမှူးကျင်းပသော ဆပ်ပြာပြုလုပ်နည်းသင်တန်းဖွင့်ပွဲ

(၂၆.၁.၂၀၁၉)နေ့တွင် MWCDF အသင်းမှ မန္တလေးမြို့၊ ကမ်းနားလမ်း၊ ချော်ဆိပ်ရေနံရိပ်သာ၌ အမျိုးသမီးများဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဆပ်ပြာပြုလုပ်နည်း သင်တန်းအား(၂၆.၁.၂၀၁၉ မှ ၂၇.၁.၂၀၁၉)နေ့အထိ (၂)ရက်တာ ပို့ချပေးမည့် သင်တန်းဖွင့်ပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါသည်။

ASEAN Enabling Masterplan (2025) Mainstreaming of the Rights of Persons with Disabilities အား အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ အစည်းအဝေးတက်ရောက်ခြင်း

ASEAN Enabling Masterplan (2025) Mainstreaming of the Rights of Persons with Disabilities အား အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ အစည်းအဝေးတက်ရောက်ခြင်း

၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ(၂၃)ရက်နေ့ မှ (၂၄)ရက် နေ့ထိ ရန်ကုန်မြို့၊ International Business Center(IBC)၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကျင်းပပြုလုပ်သော “ ASEAN Enabling Masterplan (2025) Mainstreaming of the Rights of Persons with Disabilities အား အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ အစည်းအဝေးသို့ MWCDFအသင်းမှ တွဲဘက်အတွင်း ရေးမှူး တက်ရောက်ဆွေးနွေးခဲ့ပါသည်။

သံတောင်ကြီးမြို့နယ်၊ မိုင်းလွန်အောက်ရွာတွင် ကျေးရွာမီးလင်းရေးကိစ္စအတွက် သွားရောက်ခြင်း

သံတောင်ကြီးမြို့နယ်၊ မိုင်းလွန်အောက်ရွာတွင် ကျေးရွာမီးလင်းရေးကိစ္စအတွက် သွားရောက်ခြင်း

MWCDF အသင်းမှ ဥက္ကဋ္ဌနှင့် CEC များသည် (၂၂.၁.၂၀၁၉)ရက်နေ့၊ (၀၉း၃၀)နာရီတွင် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ မိုင်းလွန်(ထက်၊ လယ်၊ အောက်)ကျေးရွာများသို့ သွားရောက်ခဲ့ပြီး (၁၁း၃၀)နာရီတွင် ရောက်ရှိကာ မိုင်းလွန်အောက်ကျေးရွာတွင် ကျေးရွာ(၃)ရွာမှ ရွာသူ/သားများနှင့်တွေ့ဆုံပြီး အသင်းဥက္ကဋ္ဌမှ အသင်းအကြောင်း အဖွင့်အမှာစကားပြောကြားခြင်း၊ ကျေးလက်ဖွံ့ဖြိုးရေး၊ ဆိုလာဖြင့် မီးလင်းရေးလုပ်ငန်းများနှင့်ပတ်သက်၍ အသင်းမှ တာဝန်ရှိသူများမှ တွေ့ဆုံအမှာစကားပြောကြားခဲ့ပြီး ကျေးရွာ(၃)ရွာအတွက် ငွေ(၃)သိန်းကျပ်နှင့် ပြက္ခဒိန်များ၊ စာရေးကိရိယာများ၊ အသင်းဝတ်စုံများ၊ ကျေးရွာသူ/သားများအတွက် ပုဆိုးနှင့် လုံချည်များအား ပေးအပ်လှူဒါန်း၍ ကျေးရွာအတွင်း ဆိုလာတပ်ဆင် ထားရှိမှုများအား လိုက်လံကြည့်ရှု၍

ညာတလူးကျေးရွာ၊ မူလတန်းလွန်ကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား

ညာတလူးကျေးရွာ၊ မူလတန်းလွန်ကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား

(၂၂.၁.၂၀၁၉)နေ့တွင် MWCDF အသင်းဥက္ကဋ္ဌနှင့် CEC များသည် တောင်ငူမြို့နယ်၊ ဇီးကုန်းအုပ်စု၊ ညာတလူးကျေးရွာမူလတန်းလွန်ကျောင်းသို့ နံနက်(ဝရး၃၅)အချိန်ရောက်ရှိပြီး အသင်းနှင့် Sowers Action တို့ ပူးပေါင်း၍ ဆောက်လုပ်လှူဒါန်းခဲ့သော ( ၁၀၀’ x ၃၀’ )တစ်ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် အသင်းဥက္ကဋ္ဌ၊ ခရိုင်ပညာရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အသင်းဥက္ကဋ္ဌနှင့် ခရိုင်ပညာရေးမှူး၊ ကျောင်းကော်မတီတာဝန်ရှိသူတို့မှ အမှာစကားပြောကြားခဲ့ကာ အသင်းမှ ကျောင်းအတွက် အလှူငွေ-(၅၀၀,၀၀၀)ကျပ်နှင့် ကျောင်းဝတ်စုံများ၊ စာရေးကရိယာများ၊ ပြက္ခဒိန်များ

အ.ထ.က(၁၂)ကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားတက်ရောက်ခြင်း

အ.ထ.က(၁၂)ကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားတက်ရောက်ခြင်း

(၁၇.၁.၂၀၁၉)နေ့တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ အမှတ်(၁၂) အခြေခံပညာအထက်တန်း ကျောင်း၏ “၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ” အခမ်းအနားသို့ အသင်းမှ အတွင်းရေးမှူးနှင့် CEC တို့ တက်ရောက်၍ ပညာရေးတွင်ထူးချွန်ပြီး ဆုရရှိသော ကျောင်းသား/သူ များအား ဆုချီးမြှင့်ခဲ့၍ ကျောင်းသား/သူများမှ သီချင်းများ၊ အကများအား ကြည့်ရှုခဲ့ပါသည်။ ထို့နောက် အတွင်းရေးမှူးနှင့်အဖွဲ့သည် ကျောင်းအကျိုးတော်ဆောင်များနှင့်အတူ ကျောင်းမုန့်စားစျေးတန်းနှင့် အသစ်ဆောက်လုပ်မည့် စျေးတန်းအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။

မြို့လုလင်လူငယ်ဖွံ့ဖြိုးတိုးတက်ရေး ပရဟိတဂေဟာသို့ သွားရောက်လှူဒါန်းခြင်း

မြို့လုလင်လူငယ်ဖွံ့ဖြိုးတိုးတက်ရေး ပရဟိတဂေဟာသို့ သွားရောက်လှူဒါန်းခြင်း

(၁၃.၁.၂၀၁၉)နေ့တွင် မကွေးတိုင်း MWCDF အဖွဲ့ဝင်များသည် မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ မြို့လုလင်ကျေးရွာရှိ လူငယ်ဖွံ့ဖြိုးရေးဂေဟာ ဆူးကောက်ကျောင်းသို့သွားရောက်၍ ဆရာတော်ထံ ဝတ္ထုငွေ(၁)သိန်းကျပ်နှင့် ပရဟိတဂေဟာတွင် နေထိုင်ပညာသင်ယူလျက်ရှိသော မိဘမဲ့ကျောင်းသား/သူ(၆၂)ဦးအတွက် ဆန်၊ ဆီ၊ ဗလာစာအုပ်၊ ဘောပင်၊ မုန့်မျိုးစုံ စုစုပေါင်း-(၃၄၅,၀၀၀)ကျပ်ဖိုးအား လှူဒါန်းခဲ့ပါသည်။ ထို့နောက် ကူညီထောက်ပံ့ရန် လိုအပ်လျက်ရှိသော အသက်(၉၄)နှစ်ရှိ အဘွားတစ်ဦးအား အလှူငွေ-(၅၀,၀၀၀)ကျပ် ထောက်ပံ့လှူဒါန်းခဲ့ပါသည်။