သံတောင်ကြီးမြို့နယ်၊ မိုင်းလွန်အောက်ရွာတွင် ကျေးရွာမီးလင်းရေးကိစ္စအတွက် သွားရောက်ခြင်း

MWCDF အသင်းမှ ဥက္ကဋ္ဌနှင့် CEC များသည် (၂၂.၁.၂၀၁၉)ရက်နေ့၊ (၀၉း၃၀)နာရီတွင် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ မိုင်းလွန်(ထက်၊ လယ်၊ အောက်)ကျေးရွာများသို့ သွားရောက်ခဲ့ပြီး (၁၁း၃၀)နာရီတွင် ရောက်ရှိကာ မိုင်းလွန်အောက်ကျေးရွာတွင် ကျေးရွာ(၃)ရွာမှ ရွာသူ/သားများနှင့်တွေ့ဆုံပြီး အသင်းဥက္ကဋ္ဌမှ အသင်းအကြောင်း အဖွင့်အမှာစကားပြောကြားခြင်း၊ ကျေးလက်ဖွံ့ဖြိုးရေး၊ ဆိုလာဖြင့် မီးလင်းရေးလုပ်ငန်းများနှင့်ပတ်သက်၍ အသင်းမှ တာဝန်ရှိသူများမှ တွေ့ဆုံအမှာစကားပြောကြားခဲ့ပြီး ကျေးရွာ(၃)ရွာအတွက် ငွေ(၃)သိန်းကျပ်နှင့် ပြက္ခဒိန်များ၊ စာရေးကိရိယာများ၊ အသင်းဝတ်စုံများ၊ ကျေးရွာသူ/သားများအတွက် ပုဆိုးနှင့် လုံချည်များအား ပေးအပ်လှူဒါန်း၍ ကျေးရွာအတွင်း ဆိုလာတပ်ဆင် ထားရှိမှုများအား လိုက်လံကြည့်ရှု၍ ဆိုလာအမျိုးသမီးကြီးများ ဆိုလာအလုပ်ရုံထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ပါသည်။

သံတောင်ကြီးမြို့နယ်၊ မိုင်းလွန်အောက်ရွာတွင် ကျေးရွာမီးလင်းရေးကိစ္စအတွက် သွားရောက်ခြင်း

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

%d bloggers like this: