Myanmar

လားရှိုးလေးပရဟိတမိဘမဲ့ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

လားရှိုးလေးပရဟိတမိဘမဲ့ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၇.၁၂.၂၀၁၈)နေ့တွင် မန္တလေးတိုင်း MWCDF အဖွဲ့ဝင်များသည် မန္တလေးမြို့၊ လားရှိုးလေး ပရဟိတ မိဘမဲ့ကျောင်းသို့ သွားရောက်၍ ရှင်သာမနေငယ်-(၁၂၀)ပါး၊ ကျောင်းသား(၂၅)ဦး၊ ကျောင်းသူ(၁၀၂)ဦး စုစုပေါင်း-(၂၄၇)ဦးအတွက် အလှူငွေ၊ ဆန်၊ ဆီ၊ ကြက်သွန်၊ ဗလာစာအုပ်နှင့် မုန့်များအား ကျောင်းထိုင်ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)နှင့် Earth Vocational Training Center တို့ ပူးပေါင်း၍ ကြိမ်၊ ဝါး လက်မှုအနုပညာသင်တန်း ဖွင့်လှစ်ခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)နှင့် Earth Vocational Training Center တို့ ပူးပေါင်း၍ ကြိမ်၊ ဝါး လက်မှုအနုပညာသင်တန်း ဖွင့်လှစ်ခြင်း

(၂၄.၁၂.၂၀၁၈)နေ့တွင် အမှတ်(၁၇၀)၊ သီရိရတနာအဆင့်မြင့်စျေး၊ ဇဗ္ဗူသီရိမြို့နယ်၊ နေပြည်တော်၊ Earth ကြိမ်၊ ဝါး၊ စဉ့် လက်မှုအနုပညာ သင်တန်းကျောင်း၌ “ကြိမ်၊ ဝါး လက်မှုအနုပညာသင်တန်း” ဖွင့်ပွဲအခမ်းအနားအား တိုင်း/ပြည်နယ်များမှ သင်တန်းသား/သူ(၂၉)ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းကာလမှာ (၂၄.၁၂.၂၀၁၈ မှ ၃၁.၁၂.၂၀၁၈)နေ့အထိ သင်ကြားပို့ချပေးသွား မည်ဖြစ်ပါသည်။

အ.လ.က မအူလေးပင်ကျေးရွာသို့ သွားရောက်လှူဒါန်းခြင်း

အ.လ.က မအူလေးပင်ကျေးရွာသို့ သွားရောက်လှူဒါန်းခြင်း

(၂၁.၁၂.၂၀၁၈)နေ့တွင် MWCDF အသင်းမှ အတွင်းရေးမှူးနှင့် CEC များသည် ဥတ္တရသီရိမြို့နယ်၊ မအူလေးပင်ကျေးရွာ၊ အ.လ.က ကျောင်းသို့ သွားရောက်၍ ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စင်(၂)စင်နှင့် ကျောင်းသား/သူကလေးများအတွက် ဗဟုသုတပုံပြင် ကာတွန်းစာအုပ်များ၊ အာဟာရမုန့်များ၊ အသင်းပြက္ခဒိန်များအား ကျောင်းအုပ်ဆရာကြီးထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ကျေးရွာစာကြည့်တိုက်အတွက် ဗဟုသုတစာအုပ်မျိုးစုံနှင့် အသင်းပြက္ခဒိန်များ၊ ကျေးရွာစာကြည့်တိုက်တွင် ကျေးရွာသူ/သားများ၊ ကျောင်းသား/သူများ စာပေဖတ်ရှုနိုင်ရန်နှင့် ဗဟုသုတ DVD ခွေများ ဖွင့်လှစ်ပြသပေးနေသော မပွင့်ပွင့်အား (နိုဝင်ဘာလ မှ ဒီဇင်ဘာလ) လုပ်အားပေးဆောင်ရွက်ပေးနေမှုအတွက် ချီးမြှင့်ငွေ-(၄၀,၀၀၀)ကျပ်အား ကျေးရွာ MWCDF

မိတ်ဖက်အဖွဲ့အစည်းများမှ ဖိတ်ကြားသော အစည်းအဝေးသို့ တက်ရောက်ခြင်း

မိတ်ဖက်အဖွဲ့အစည်းများမှ ဖိတ်ကြားသော အစည်းအဝေးသို့ တက်ရောက်ခြင်း

(၁၉.၁၂.၂၀၁၈)နေ့တွင် MWCDF အသင်းမှ ဒုဥက္ကဋ္ဌနှင့်ဘဏ္ဍာရေးမှူးတို့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ နေပြည်တော်၊ Kempinski Hotel ၌ ကျင်းပပြုလုပ်သော “မြန်မာ့ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဗဟာဗျူဟာ မိတ်ဆက်ဖြန့်ချီခြင်းနှင့် အမျိုးသားအဆင့်ဆွေးနွေးပွဲ” အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။