အ.လ.က မအူလေးပင်ကျေးရွာသို့ သွားရောက်လှူဒါန်းခြင်း

(၂၁.၁၂.၂၀၁၈)နေ့တွင် MWCDF အသင်းမှ အတွင်းရေးမှူးနှင့် CEC များသည် ဥတ္တရသီရိမြို့နယ်၊ မအူလေးပင်ကျေးရွာ၊ အ.လ.က ကျောင်းသို့ သွားရောက်၍ ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စင်(၂)စင်နှင့် ကျောင်းသား/သူကလေးများအတွက် ဗဟုသုတပုံပြင် ကာတွန်းစာအုပ်များ၊ အာဟာရမုန့်များ၊ အသင်းပြက္ခဒိန်များအား ကျောင်းအုပ်ဆရာကြီးထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ ကျေးရွာစာကြည့်တိုက်အတွက် ဗဟုသုတစာအုပ်မျိုးစုံနှင့် အသင်းပြက္ခဒိန်များ၊ ကျေးရွာစာကြည့်တိုက်တွင် ကျေးရွာသူ/သားများ၊ ကျောင်းသား/သူများ စာပေဖတ်ရှုနိုင်ရန်နှင့် ဗဟုသုတ DVD ခွေများ ဖွင့်လှစ်ပြသပေးနေသော မပွင့်ပွင့်အား (နိုဝင်ဘာလ မှ ဒီဇင်ဘာလ) လုပ်အားပေးဆောင်ရွက်ပေးနေမှုအတွက် ချီးမြှင့်ငွေ-(၄၀,၀၀၀)ကျပ်အား ကျေးရွာ MWCDF အဖွဲ့ဝင်များထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။

အ.လ.က မအူလေးပင်ကျေးရွာသို့ သွားရောက်လှူဒါန်းခြင်း

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

%d bloggers like this: