Myanmar

၂၀၁၈ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အခမ်းအနား

၂၀၁၈ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အခမ်းအနား

မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီမှ ကျင်းပပြုလုပ်သော “ မြန်မာအမျိုးသမီးများနေ့” အခမ်းအနားသို့ MWCDFအသင်းမှ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများ ရှင်းလင်းတင်ပြခြင်း၊ “မြန်မာအမျိုးသမီးများနေ့” အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဥပဒေရေးရာ အကြောင်းများ၊ ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ အမျိုးသမီးကာကွယ်စောင့်ရှောက်ရေးနှင့်ပတ်သက်သော အကြောင်းအရာများနှင့် စာရေးဆရာမ ဒေါ်နှင်းပန်းအိမ်မှ အမျိုးသမီးငယ််များ၏ ဘဝရပ်တည်မှုနှင့်စပ်လျဉ်းသည့် အကြောင်းအရာများ ဆွေးနွေးခဲ့ကြပါသည်။ အသင်းနှင့်

အောင်ချမ်းသာပရဟိတသီလရှင်စာသင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

အောင်ချမ်းသာပရဟိတသီလရှင်စာသင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၆.၆.၂၀၁၈)နေ့တွင် MWCDFအသင်းမှ ဒုဥက္ကဋ္ဌနှင့် CECများသည် ဒက္ခိဏသီရိမြို့နယ်၊ အောင်ချမ်းသာပရဟိတ သီလရှင်စာသင်ကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်သီလရှင်ဆရာကြီးနှင့် တွေ့ဆုံပြီး သီလရှင်ကလေးများအတွက် ဝတ္ထုငွေများ၊ ဗလာစာအုပ်များ၊ ဆိုလာမီးအိမ်များ၊ ဆန်၊ ဆီ၊ ကြက်သွန်၊ ကုလားပဲ၊ အာလူး၊ ကြာဇံ စသည့်လှူဘွယ်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။

ဇေယျာရာမသီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

ဇေယျာရာမသီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၂၆.၆.၂၀၁၈)နေ့တွင် MWCDFအသင်းမှ ဒုဥက္ကဋ္ဌနှင့် CECအဖွဲ့ဝင်များသည် ပျဉ်းမနားမြို့၊ ဇေယျာရာမ ပရိယတ္တိသီလရှင်စာသင်တိုက်သို့သွားရောက်၍ ကျောင်းထိုင်သီလရှင် ဆရာကြီးဒေါ်ကစ္စေသီနှင့်တွေ့ဆုံပြီး ကျောင်းထိုင်သီလရှင်ဆရာကြီးနှင့် သီလရှင်များအတွက် ဝတ္ထုငွေများ၊ ဗလာစာအုပ်များ၊ ဆိုလာမီးအိမ်များ၊ ဆန်၊ ဆီ၊ ကြက်သွန်၊ ကုလားပဲ၊ အာလူး၊ ကြာဇံ စသည့်လှူဘွယ်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။

NSPAW အစည်းအဝေးတက်ရောက်ခြင်း

NSPAW အစည်းအဝေးတက်ရောက်ခြင်း

(၂၂.၆.၂၀၁၈)နေ့တွင် MWCDFအသင်းမှ ဘဏ္ဍာရေးမှူးနှင့် CECတို့သည် နေပြည်တော်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ နေ့လည်(၁းဝ၀)နာရီမှ ညနေ(၅းဝ၀) ထိ ကျင်းပပြုလုပ်သော အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(၂၀၁၃-၂၀၂၂)၊ NSPAW နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့(၄)ဖွဲ့နှင့်ပတ်သက်၍ (၆)လတာ လုပ်ငန်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ရေး အစည်းအဝေးသို့ တက်ရောက်ခဲ့ကြပါသည်။

လူမှုဝန်ထမ်းဦးစီးဌာနမှ မြန်မာအမျိုးသမီးများနေ့ကျင်းပရေးအတွက် ဖိတ်ကြားသော ညှိနိုင်းဆွေးနွေးပွဲသို့တက်ရောက်ခြင်း

လူမှုဝန်ထမ်းဦးစီးဌာနမှ မြန်မာအမျိုးသမီးများနေ့ကျင်းပရေးအတွက် ဖိတ်ကြားသော ညှိနိုင်းဆွေးနွေးပွဲသို့တက်ရောက်ခြင်း

(၂၂.၆.၂၀၁၈)နေ့တွင် MWCDFအသင်းမှ ဒုဥက္ကဌ နှင့် CECတို့သည် နေပြည်တော်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီမှ ၂၀၁၈ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် “ မြန်မာအမျိုးသမီးများနေ့” အခမ်းအနားကျင်းပရာတွင် ပါဝင်နိုင်ရေးအတွက် ပြုလုပ်သော ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ကြပါသည်။

ပဲခူးတိုင်း MWCDF အသင်းအဖွဲ့ဝင်များမှ Activity များလှုပ်ရှားဆောင်ရွက်မှု

ပဲခူးတိုင်း MWCDF အသင်းအဖွဲ့ဝင်များမှ Activity များလှုပ်ရှားဆောင်ရွက်မှု

(၂၀.၆.၂၀၁၈)နေ့တွင် ပဲခူးတိုင်းမှ MWCDFအဖွဲ့ဝင်များသည် ပဲခူးမြို့၊ သဓ္ဒမ္မဂုဏ်ရည် သီလရှင်စာသင်တိုက်သို့ သွားရောက်ခဲ့ပြီး သီလရှင်စာသင်တိုက်အတွက် စားဆီ(၁၀)ပိသာ၊ ဆန်(၁)အိတ်၊ ကြက်သွန်နီ(၁) အိတ်နှင့် ဝတ္ထုငွေ(၅၀,၀၀၀)ကျပ်အား ပေးလှူခဲ့ပါသည်။ ၎င်းနောက် ပဲခူးတိုင်း၊ MWCDFအဖွဲ့ဝင်များသည် ပဲခူးမြို့၊ အခြေခံပညာမူလတန်းလွန်ကျောင်း၊ ဥဿာ(၆)သို့ သွားရောက်၍ ကျောင်းတွင်ရှိသော ကျောင်းသား/သူ(၁၂၃)ဦးအတွက် လက်ရေးလှစာအုပ်များ၊ ဗလာစာအုပ်များ၊ အရောင်ခြယ်စာအုပ်များ၊ ကျောင်းစိမ်းလုံချည်(၃၀)ထည်၊ ကျောင်းစိမ်းဘောင်းဘီ(၄၃)ထည်၊ ကျောင်းစိမ်းမဝတ်ဂါဝန်(၅၂)ထည် စုစုပေါင်းတန်ဖိုး-(၂၈၆,၉၅၀)ကျပ်ဘိုး ပေးအပ်လှူဒါန်းခဲ့ပြီး ကျောင်းသား/သူများအား စာရေးဆရာမ ဒေါ်ဝတ်ရည်ခင်မှ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူမှုရေးအန္တရာယ်အကြောင်း သိကောင်းစရာများအား ဟောပြောပို့ချခဲ့ပါသည်။ ထို့နောက် စွန့်ပစ်ကလေးငယ်တစ်ဦးအား ပဲခူးတိုင်း