ပဲခူးတိုင်း MWCDF အသင်းအဖွဲ့ဝင်များမှ Activity များလှုပ်ရှားဆောင်ရွက်မှု

(၂၀.၆.၂၀၁၈)နေ့တွင် ပဲခူးတိုင်းမှ MWCDFအဖွဲ့ဝင်များသည် ပဲခူးမြို့၊ သဓ္ဒမ္မဂုဏ်ရည် သီလရှင်စာသင်တိုက်သို့ သွားရောက်ခဲ့ပြီး သီလရှင်စာသင်တိုက်အတွက် စားဆီ(၁၀)ပိသာ၊ ဆန်(၁)အိတ်၊ ကြက်သွန်နီ(၁) အိတ်နှင့် ဝတ္ထုငွေ(၅၀,၀၀၀)ကျပ်အား ပေးလှူခဲ့ပါသည်။
၎င်းနောက် ပဲခူးတိုင်း၊ MWCDFအဖွဲ့ဝင်များသည် ပဲခူးမြို့၊ အခြေခံပညာမူလတန်းလွန်ကျောင်း၊ ဥဿာ(၆)သို့ သွားရောက်၍ ကျောင်းတွင်ရှိသော ကျောင်းသား/သူ(၁၂၃)ဦးအတွက် လက်ရေးလှစာအုပ်များ၊ ဗလာစာအုပ်များ၊ အရောင်ခြယ်စာအုပ်များ၊ ကျောင်းစိမ်းလုံချည်(၃၀)ထည်၊ ကျောင်းစိမ်းဘောင်းဘီ(၄၃)ထည်၊ ကျောင်းစိမ်းမဝတ်ဂါဝန်(၅၂)ထည် စုစုပေါင်းတန်ဖိုး-(၂၈၆,၉၅၀)ကျပ်ဘိုး ပေးအပ်လှူဒါန်းခဲ့ပြီး ကျောင်းသား/သူများအား စာရေးဆရာမ ဒေါ်ဝတ်ရည်ခင်မှ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူမှုရေးအန္တရာယ်အကြောင်း သိကောင်းစရာများအား ဟောပြောပို့ချခဲ့ပါသည်။
ထို့နောက် စွန့်ပစ်ကလေးငယ်တစ်ဦးအား ပဲခူးတိုင်း MWCDFအသင်း၊ အသင်းသူတစ်ဦးမှ တာဝန်ယူကျွေးမွေးထားပြီး ၎င်းကလေးငယ်အတွက် လိုအပ်သော နို့မှုန့်ဘူး(၂)ဘူးအား ပေးအပ်လှူဒါန်းခဲ့ပါသည်။

ပဲခူးတိုင်း MWCDF အသင်းအဖွဲ့ဝင်များမှ Activity များလှုပ်ရှားဆောင်ရွက်မှု

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

%d bloggers like this: