Myanmar

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ “ မြန်မာနိုင်ငံကလေးများနေ့” ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရတနာစံပြ (ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ “ မြန်မာနိုင်ငံကလေးများနေ့”  ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရတနာစံပြ (ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

၉. ၂.၂၀၁၇ MWCDF အသင်းမှ CECနှင့်အဖွဲ့ဝင်များသည် “ မြန်မာနိုင်ငံကလေးများနေ့” ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဥတ္တရသီရိမြို့နယ်၊ သဲကျွန်းကျေးရွာ ရတနာစံပြ (ဘ.က)ကျောင်းသို့သွားရောက်၍ ကျောင်းထိုင်ဆရာတော်အား သင်္ကန်းနှင့် ဝတ္တုငွေများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ မူလတန်းမှ အလယ်တန်းထိ ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူ (၃၃၂)ဦးအား ပြည်သူ့နီတိတွင်ပါဝင်သည့် လိုက်နာကျင့်သုံးရမည့်အချက်များ၊ သိကောင်းစရာများကို အသင်း၏တွဲဘက်အတွင်းရေးမှူးမှ ရှင်းလင်းပြောကြားခဲ့ပြီး မေးခွန်းများမေးမြန်းရာ ဖြေဆိုနိုင်သည့် ကျောင်းသား/သူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် MWCDF အသင်းမှ CECနှင့်အဖွဲ့ဝင်များသည် ကျောင်းသား/ကျောင်းသူ(၃၃၂)ဦးအား ခေါက်ဆွဲကြော်များ ကျွေးမွေးခဲ့ကြပါသည်။

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ရတနာစံပြ(ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းရန် ပြင်ဆင်ခြင်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ရတနာစံပြ(ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းရန် ပြင်ဆင်ခြင်း

၉.၂.၂၀၁၇ MWCDFအသင်းမှ ဖေဖော်ဝါရီလ၊ (၁၃)ရက်နေ့” မြန်မာနိုင်ငံကလေးများနေ့” အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရတနာစံပြ (ဘ.က)ကျောင်းရှိ ကျောင်းသား/သူများအတွက် ခေါက်ဆွဲကြော်များသွားရောက်လှူဒါန်းရန်အတွက် CECများနှင့်အဖွဲ့ဝင်များမှ ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြပါသည်။

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ Human Rights Training Workshopသို့ တက်ရောက်ခြင်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ Human Rights Training Workshopသို့ တက်ရောက်ခြင်း

၈.၂.၂၀၁၇ MWCDFအသင်းမှ CECများနှင့်အဖွဲ့ဝင်များသည် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်တို့ပူးပေါင်း၍ ဖွင့်လှစ်သော Human Rights Training Workshop ဒုတိယနေ့တွင် အုပ်စုဖွဲ့ပါဝင်ဆွေးနွေးခဲ့ပါသည်။ သင်တန်းဆင်းအခမ်းအနားတွင် MWAF ဒုတိယဥက္ကဌမှ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းဆင်းလက်မှတ်များလည်း ပေးအပ်ခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ Human Rights Training Workshopသို့ တက်ရောက်ခြင်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ Human Rights Training Workshopသို့ တက်ရောက်ခြင်း

၇.၂.၂၀၁၇ MWCDFအသင်းမှ CECနှင့်အဖွဲ့ဝင်များသည် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်တို့ပူးပေါင်း၍ ဖွင့်လှစ်သော Human Rights Training Workshop ပထမနေ့တွင် ပါဝင်လေ့လာဆွေးနွေးခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ Human Rights Training Workshop ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခြင်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ Human Rights Training Workshop ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခြင်း

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်တို့ပူးပေါင်း၍ (၇.၂.၂၀၁၇ မှ ၈. ၂. ၂၀၁၇ ထိ) (၂)ရက်ကြာ ဖွင့်လှစ်သော Human Rights Training Workshop ဖွင့်ပွဲအခမ်းအနားသို့ MWCDFအသင်းမှ CECနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ NSPAWအစည်းအဝေးသို့ တက်ရောက်ခြင်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ NSPAWအစည်းအဝေးသို့ တက်ရောက်ခြင်း

၆.၂.၂၀၁၇ လူမှုဝန်ထမ်းဦးစီးဌာနနှင့် The UK Department for International Development (DFID)မှ ပြည်တွင်း၊ ပြည်ပအကြံပေး(၂)ဦးတို့ပူးပေါင်းလုပ်ဆောင်သော အမျိုးသားအဆင့် အမျိုးသမီးများတိုးတက်ရေးဆိုင်ရာမဟာဗျူဟာစီမံကိန်း(NSPAW)(၂၀၁၃-၂၀၂၂)အစည်းအဝေးသို့ MWCDFအသင်းမှ CECနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။