မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ “ မြန်မာနိုင်ငံကလေးများနေ့” ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရတနာစံပြ (ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

၉. ၂.၂၀၁၇
MWCDF အသင်းမှ CECနှင့်အဖွဲ့ဝင်များသည် “ မြန်မာနိုင်ငံကလေးများနေ့” ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဥတ္တရသီရိမြို့နယ်၊ သဲကျွန်းကျေးရွာ ရတနာစံပြ (ဘ.က)ကျောင်းသို့သွားရောက်၍ ကျောင်းထိုင်ဆရာတော်အား သင်္ကန်းနှင့် ဝတ္တုငွေများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ မူလတန်းမှ အလယ်တန်းထိ ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူ (၃၃၂)ဦးအား ပြည်သူ့နီတိတွင်ပါဝင်သည့် လိုက်နာကျင့်သုံးရမည့်အချက်များ၊ သိကောင်းစရာများကို အသင်း၏တွဲဘက်အတွင်းရေးမှူးမှ ရှင်းလင်းပြောကြားခဲ့ပြီး မေးခွန်းများမေးမြန်းရာ ဖြေဆိုနိုင်သည့် ကျောင်းသား/သူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် MWCDF အသင်းမှ CECနှင့်အဖွဲ့ဝင်များသည် ကျောင်းသား/ကျောင်းသူ(၃၃၂)ဦးအား ခေါက်ဆွဲကြော်များ ကျွေးမွေးခဲ့ကြပါသည်။

MWCDF၏ CECနှင့်အဖွဲ့ဝင်များသည်  ကျောင်းထိုင်ဆရာတော်အား သင်္ကန်းနှင့် ဝတ္တုငွေများ ဆက်ကပ်လှူဒါန်းခြင်း

အသင်း၏တွဲဘက်အတွင်းရေးမှူးမှ  ပြည်သူ့နီတိ၏ လိုက်နာကျင့်သုံးရမည့်အချက်များ၊ သိကောင်းစရာများကို ပြောကြားခြင်းနှင့် မေးခွန်းများ မေးမြန်းခြင်း

MWCDFအသင်းမှ CECနှင့်အဖွဲ့ဝင်များသည် ကျောင်းသား/ကျောင်းသူ(၃၃၂)ဦးအား ခေါက်ဆွဲကြော်များ ကျွေးမွေးခြင်း
MWCDFအသင်းမှ CECနှင့်အဖွဲ့ဝင်များသည် ကျောင်းသား/ကျောင်းသူ(၃၃၂)ဦးအား ခေါက်ဆွဲကြော်များ ကျွေးမွေးခြင်း
MWCDFအသင်းမှ CECနှင့်အဖွဲ့ဝင်များသည် ကျောင်းသား/ကျောင်းသူ(၃၃၂)ဦးအား ခေါက်ဆွဲကြော်များ ကျွေးမွေးခြင်း
MWCDFအသင်းမှ CECနှင့်အဖွဲ့ဝင်များသည် ကျောင်းသား/ကျောင်းသူ(၃၃၂)ဦးအား ခေါက်ဆွဲကြော်များ ကျွေးမွေးခြင်း
မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ “ မြန်မာနိုင်ငံကလေးများနေ့” ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရတနာစံပြ (ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း
Tagged on:     

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

%d bloggers like this: