Myanmar

ဆက်ကပ်လှူဒါန်းခြင်း

ဆက်ကပ်လှူဒါန်းခြင်း

၂၆.၅.၂၀၂၅ ရက်နေ့တွင် ပဲခူးမြို့ ချမ်းမြေ့ဇေယျာသာမဏေကျော် တက္ကသိုလ်ဆရာတော်ဘုရား၏ ဝိဇာတ မွေးနေ့မင်္ဂလာပွဲနှင့်အတူ စာအောင်သံဃာတော်များဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပူဇော်ပွဲကို ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်‌‌ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များက ပါဝင်ကုသိုလ်ပြု လှူဒါန်းပြီး ဆွမ်းလောင်းလှူခဲ့ကြပါသည်။

အသင်းဝင်အသစ်များအား နွေးထွေးစွာကြိုဆိုခြင်း

အသင်းဝင်အသစ်များအား နွေးထွေးစွာကြိုဆိုခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းကြီး၏ (၁၂) နှစ်ပြည့် အခမ်းအနားကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ၂၀.၀၅.၂၀၂၅နေ့ နံနက် ၁၀:၀၀ အချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းဥက္ကဌ ဒေါ်ကေသီအောင်နှင့် အလုပ်အမှုဆောင် ၁၂ ဦးတို့သည် ခိုင်မေတ္တာအကူသူနာပြုသင်တန်းကျောင်းမှ သင်တန်းသား/သူများကို အသင်းကြီး​၏ ရည်ရွယ်ချက်များနှင့် ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ရာ ပရဟိတလုပ်ငန်းများအား စိတ်ပါဝင်စားကြ၍ အသင်းသို့ဝင်ရောက်လာသည့် အသင်းဝင်သစ်များ၏ လျှောက်လွှာများအားလက်ခံကာ နွေးထွေးစွာကြိုဆိုခဲ့ကြပါသည်။

သင်တန်းဆင်းပွဲကျင်းပခြင်း

သင်တန်းဆင်းပွဲကျင်းပခြင်း

၂၅.၅.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ ကြီးမှူး၍ဖွင့်လှစ်သော အဋ္ဌမအကြိမ်မြောက် နွေရာသီအင်္ဂလိပ်စာ (4 Skills) Pre- Intermediate Level သင်တန်းဆင်းပွဲအခမ်းအနားအား ဥတ္တရသီရိမြို့နယ်၊ အ‌မှတ်(၁၂)၊ အခြေခံပညာ အထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF) မှ ဒုတိယဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ ဥတ္တရသီရိမြို့နယ် ပညာရေးမှူး၊ ဒုပညာရေးမှူးနှင့် အ.ထ.က(၁၂) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ကြပါသည်။ အဆိုပါသင်တန်းဆင်းပွဲအခမ်းအနား၌ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ

သင်တန်းဖွင့်လှစ်ခြင်း

သင်တန်းဖွင့်လှစ်ခြင်း

၂၄.၅.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ အ.ထ.က(၁၂) ကျောင်းတွင် ဖွင့်လှစ်သင်ကြားနေသော နွေရာသီအင်္ဂလိပ်စာ(4-Skill) Pre-Intermediate level သင်တန်း (Talk Show)ပြိုင်ပွဲကို (MWCDF) အသင်း ဒုတိယဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်၍ သင်တန်းနည်းပြ ဆရာ/ဆရာမများနှင့်အတူ ကျောင်းသား/သူများ၏ စကားပြောစွမ်းဆောင်ရည်များကိုကြည့်ရှုကာ အမှတ်ပေးစည်းမျဉ်းအတိုင်း အကဲဖြတ်ပြီး ထူးချွန်ကျောင်းသား/သူများအား ဆုများချီးမြှင့်‌ပေးရန် ရွေးချယ်ခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၄.၅.၂၀၂၅ ရက်နေ့တွင် ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် BBS ကိုယ်ပိုင်အလယ်တန်းကျောင်း၂၀၂၅ – ၂၀၂၆ ပညာသင်နှစ် ပညာသင်ယူပြီးမြှောက်မှုပြီးဆုံးကြောင်း သင်တန်းဆင်းပွဲကို ပဲခူးတိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၃.၅.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော နွေရာသီအနုပညာသင်တန်း (အတီးဘာသာရပ်) သင်တန်းဆင်းပွဲကို ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ တက်ရောက်ခဲ့ပါသည်။