မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှဥက္ကဌဒေါက်တာ ဒေါ်ဝေဝေသာနှင့်အဖွဲ့ဝင်များသည် ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၁၀)ရက်နေ့တွင် နေပြည်တော်၊ ဥတ္တရ သီရိမြို့နယ်၊ ရတနာစံပြဘုန်းတော်ကြီးပညာသင်ကျောင်းသို့သွားရောက်၍ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အခမ်းအနားအား နံနက်(၁ဝး၁၅)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ ရတနာစံပြ(ဘ.က)ကျောင်းမှ ကျောင်းသား/သူ(၃၁၀)ဦး၊ ဆရာ/မ(၉)ဦးတို့ တက် ရောက်ခဲ့ပါသည်။
အသင်းဥက္ကဌနှင့်အဖွဲ့ဝင်များသည် ပထမဦးစွာကျောင်းထိုင်ဆရာတော်ဘဒ္ဒန္တနန္ဒိယသဒ္ဒမ္မဇောတိက ထံမှတရားနာယူပြီး သင်္ကန်းနှင့်ဝတ္ထုငွေများ၊ လှူဘွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ တွဲဘက်အတွင်းရေးမှူး ဒေါ်ခင်မြဝင်းမှ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ပြုလုပ်ရခြင်းမှာ ကလေးများသည် နောင်တွင်ဖြောင့်မတ်တည်ကြည်သော၊ မွန်မြတ်သော စိတ်ထားနှင့် ရည်မှန်းချက်ထားရှိပြီး နိုင်ငံချစ်စိတ်မွေးမြူ၍ လူတော်လူကောင်းဖြစ်အောင်ကြိုးစားကြရန်လိုကြောင်း ပြောကြားခဲ့ပြီး တက်ရောက်လာသော ကျောင်းသား/သူကလေးများအား မြန်မာနိုင်ငံကလေးများနေ့နှင့် ပတ်သက်သောမေးခွန်းများ၊ အထွေထွေဗဟုသုတများ၊ ဉာဏ်စမ်းမေးမြန်၍ ဖြေကြားခဲ့သူများအား ဆုများ ချီးမြှင့်ခဲ့ပြီး ကျောင်းသား/သူ(၃၁၀)ဦး၊ ဆရာ/မ(၉)ဦးတို့အား ကြာဇံကြော်နှင့်ရေသန့်ဗူးများ စုစုပေါင်း တန်ဘိုး(၆၁၇,၈၉၀ိ/-)ကျပ်အား ပေးအပ် လှူဒါန်းခဲ့ပါသည်။