ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် အတွင်းရှိ ကျေးရွာများ မီးရရှိရေးဆောင်ရွက်

Irrawaddy Solar Trip

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ဗဟိုအလုပ် အမှုဆောင်များနှင့်အဖွဲ့ဝင်များသည် ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလ၊ (၂၂)ရက်နေ့တွင် MWCDFအမျိုးသမီးဖွ့ံဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်အဖြစ် ကျေးရွာမီးရရှိရေးဆောင်ရွက်ရန် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် အတွင်းရှိ နတ်ပေးရှမ်းစုကျေးရွာ၊ ပုသိမ်မြို့နယ်အတွင်းရှိ ကြောင်ပန်းကုန်းကျေးရွာ၊ ကျောင်းကုန်းမြို့နယ် အတွင်းရှိ ကညင်သုံးဆင့်ကျေးရွာ၊ တောင်ယာတန်းကျေးရွာများသို့ သွားရောက်ခဲ့ပါသည်။
အဆိုပါကျေးရွာများသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး လျှပ်စစ်မီးမရရှိသေးသောကျေးရွာများဖြစ်ပြီး အမျိုးသမီးစွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေး ကျေးရွာဖွံ့ဖြိုးရေးအတွက် ဆိုလာတပ်ဆင်ခြင်းသင်တန်းအား MWCDFအသင်းမှရွေးချယ်ကာ အိန္ဒိယနိုင်ငံ Barefoot Collageတွင် သင်တန်းတက်ရောက်စေခဲ့ပြီး အဆိုပါ အမျိုးသမီးကြီး(၆)ဦးပါဝင်သော ကျေးရွာကော်မတီဖွဲ့စည်းပေးကာ MWCDFအသင်းနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသော အိန္ဒိယနိုင်ငံ Barefoot Collageမှလှူဒါန်းသည့် အမေရိကန်ဒေါ်လာ (၁၆၀,၃၀၇)တန်ဖိုးရှိ အိမ်သုံး ဆိုလာနှင့်လျှပ်စစ်ပစ္စည်းစုံ(၃၉၀)စုံတို့အား ကျေးရွာများသို့ခွဲဝေပေးခဲ့ပြီး ကျေးရွာဖွံ့ဖြိုးရေးနှင့်ဆိုလာပစ္စည်းများ ရေရှည်ခံနိုင်အောင်ထိန်းသိမ်းဆောင်ရွက်နိုင်ရေးစီမံဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြပါသည်။
Irrawaddy Solar Trip2

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် အတွင်းရှိ ကျေးရွာများ မီးရရှိရေးဆောင်ရွက်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

%d bloggers like this: