သတင်း

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၁.၇.၂၀၂၄)ရက်နေ့တွင်မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဗဟိုအလုပ်အမှုဆောင်များနှင့် နေပြည်တော်တိုင်းအသင်းမှ အဖွဲ့ဝင်များသည် ဇူလိုင်လ (၃)ရက်နေ့ တွင်ကျရောက်သော မြန်မာအမျိုးသမီးများနေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကကြီးမှူး၍ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှစီစဉ်တင်ဆက်သော “ခေတ်ပြိုင်ဆင်ယင်၊ ယဉ်ကျေးအသွင်၊ တင့်တယ်ခြယ်သ မြန်မာအမျိုးသမီးများအလှ” ဝတ်စားဆင်ယင်မှုပြပွဲနှင့် ပဒေသာကပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

(၃၀.၆.၂၀၂၄)ရက်နေ့တွင် ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူးသည် ပုသိမ်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ကျင်းပပြုလုပ်သော ခရိုင်အမျိုးသမီးကော်မတီ အစည်းအဝေးကို တက်ရောက်ခဲ့ပါသည်။

ဆွေးနွေးပွဲတက်ရောက်ခြင်း

ဆွေးနွေးပွဲတက်ရောက်ခြင်း

(၂၈.၆.၂၀၂၄)ရက်နေ့တွင် နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း မှ ဥက္ကဌနှင့် အဖွဲ့ဝင် (၂)ဦးတို့သည် လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော ကျား/မရေးရာ Gender အခြေခံသဘောတရားများအကြောင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၇.၆.၂၀၂၄)ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အမှုဆောင် (၃)ဦးတို့သည် ရန်ကုန်မြို့၊ MCC ခန်းမတွင်ကျင်းပပြုလုပ်သော ၂၀၂၄ခုနှစ် မြန်မာအမျိုးသမီးများနေ့အကြို ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြိုင်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ဆုပေးပွဲအခမ်းအနားတက်ရောက်ခြင်း

ဆုပေးပွဲအခမ်းအနားတက်ရောက်ခြင်း

(၂၇.၆.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အတွင်းရေးမှူးတို့သည် တောင်ကြီးမြို့၊ ရှမ်းပြည်နယ် လေ့ကျင့်ရေးအား ကစားရုံ၌ကျင်းပပြုလုပ်သော မြန်မာအမျိုးသမီးများနေ့အကြို အမျိုးသမီးဘော်လီဘောပြိုင်ပွဲဆု ပေးပွဲအခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

အားကစားပွဲတက်ရောက်ခြင်း

အားကစားပွဲတက်ရောက်ခြင်း

(၂၇.၆.၂၀၂၄)ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် (၈)ဦးတို့သည် ဝဏ္ဏသိဒိ္ဓအားကစားကွင်းတွင်ကျင်းပပြုလုပ်သော မြန်မာအမျိုးသမီးများနေ့အကြိုအထိမ်းအမှတ် ကိုယ်လက်လှုပ်ရှားအားကစားပွဲသို့ တက်ရောက်ခဲ့ပါသည်။