သတင်း

Mask Campaign အတွက် Mask များ လှူဒါန်းခြင်း

Mask Campaign အတွက် Mask များ လှူဒါန်းခြင်း

(၁၅.၁၂.၂၀၂၀)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်းမှ ဥက္ကဌနှင့်အဖွဲ့ဝင်များ သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ရှမ်းပြည်နယ်ရှိ ပြည်သူများသို့ Covid-19 အသိပညာပေး Mask Campaign ပြုလုပ်ရာတွင် အသုံးပြုရန် Mask-(၅၀)ဘူး သွားရောက်လှူဒါန်းခဲ့ပါသည်။

ရန်ကုန်တိုင်း MWCDF မှ (၁၆)ရက်တာလှုပ်ရှားမှု Online အခမ်းအနားတက်ရောက်ခြင်း

ရန်ကုန်တိုင်း MWCDF မှ (၁၆)ရက်တာလှုပ်ရှားမှု Online အခမ်းအနားတက်ရောက်ခြင်း

(၁၀.၁၂.၂၀၂၀)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီမှ ကျင်းပပြုလုပ်သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု Online အခမ်းအနားသို့ ရန်ကုန်တိုင်း MWCDF အသင်းမှ ဒုဥက္ကဌ နှင့် အတွင်းရေးမှူး တို့တက်ရောက်ခဲ့ပါသည်။

တနင်္သာရီတိုင်း MWCDF မှ (၁၆)ရက်တာလှုပ်ရှားမှု Online အခမ်းအနားတက်ရောက်ခြင်း

တနင်္သာရီတိုင်း MWCDF မှ (၁၆)ရက်တာလှုပ်ရှားမှု Online အခမ်းအနားတက်ရောက်ခြင်း

(၈.၁၂.၂၀၂၀)ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော ၂၀၂၀ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု Online အခမ်းအနားသို့ တနင်္သာရီတိုင်း MWCDF အသင်းမှ  အတွင်းရေးမှူး နှင့် စည်းရုံးရေးမှူး တို့တက်ရောက်ခဲ့ပါသည်။

(၄၀)ကြိမ်မြောက် CEC Meeting ပြုလုပ်ခြင်း

(၄၀)ကြိမ်မြောက် CEC Meeting ပြုလုပ်ခြင်း

(၈.၁၂.၂၀၂၀)နေ့ နေပြည်တော် MWCDF (ရုံးချုပ်)တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့် တင်ရေးအသင်း၏ (၄၀)ကြိမ်မြောက် ဗဟိုအလုပ်အမှု ဆောင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။

မကွေးတိုင်း MWCDF မှ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ခြင်းနှင့် (၁၆)ရက်တာလှုပ်ရှားမှု Online အခမ်းအနား တက်ရောက်ခြင်း

မကွေးတိုင်း MWCDF မှ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ခြင်းနှင့် (၁၆)ရက်တာလှုပ်ရှားမှု Online အခမ်းအနား တက်ရောက်ခြင်း

(၂.၁၂.၂၀၂၀)ရက်နေ့တွင် မကွေးတိုင်း MWCDF ဥက္ကဌနှင့်အဖွဲ့ဝင်များသ့ည် ၂၀၂၀ ပြည့်နှစ်၊ အမျိုးသမီး များအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအဖြစ် တိုင်းလူမှုဝန်ထမ်းဦးစီးဌာန၊ NGO, INGO အဖွဲ့များနှင့်ပူးပေါင်း၍ ပြည်သူများအား Mask, Face Shield, Hand Gel များ ဝေငှလှူဒါန်းခဲ့ပြီး (၄.၁၂.၂၀၂၀)နေ့တွင် (၁၆)ရက်တာလှုပ်ရှားမှု Online အခမ်းအနားတက်ရောက်ခဲ့ပါသည်။

သက်ငယ်မုဒိမ်းနှင့် GBV အသိပညာပေးအစီအစဉ် တက်ရောက်ခြင်း

သက်ငယ်မုဒိမ်းနှင့် GBV အသိပညာပေးအစီအစဉ် တက်ရောက်ခြင်း

(၇.၁၂.၂၀၂၀)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ အမျိုးသမီးများအပေါ် အကြမ်းဖက် မှုပပျောက်ရေး( ၁၆ )ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် Zoom Meeting ဖြင့် ကျင်းပပြုလုပ်သော သက်ငယ်မုဒိမ်းနှင့် GBV အသိပညာပေးအစီအစဉ်ကို ပဲခူးတိုင်း MWCDF အသင်းမှ အလုပ်အမှုဆောင် တက်ရောက်ခဲ့ပါသည်။