အစည်းအဝေးအခမ်းအနား တက်ရောက်ခြင်း

MWCDF(SSS) အဖွဲ့မှ အခမ်းအနားတက် ရောက်ခြင်းမှတ်တမ်း

ယနေ့ (၇.၉.၂၀၁၉)ရက်နေ့တွင် လှုမှုဝန်ထမ်းနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်ဒေသခံ ပြည်သူများ /ပရဟိတအဖွဲ့အစည်းများတွေ့ဆုံပွဲသို့ တက်ရောက် ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးမှ မြန်မာတနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ လက်အောက်ရှိ အဖွဲ့(၇) ဖွဲ့အချင်းချင်း ပူးပေါင်းဆောင်ရွက်ရန်နှင့် ပြည်နယ်ခရိုင် မြို့နယ်အလိုက် အဆင့်ဆင့်ဖွဲ့စည်းကာ လက်ရှိ အခြေအနေထက် ပိုမိုကျယ်ပြန့်စွာကောင်းမွန်အောင် ဆက်လက်ဆောင်ရွက်နိုင်ကြရန် လမ်းညွှန်မှာကြား ခဲ့ပါသည်။
လာမည့် ၂၀၂၀ ရှမ်းပြည်နယ်တွင်ပြုလုပ်မည့် MCCT project အား ပူးပေါင်းပါဝင်ရန် မေတ္တာရပ်ခံခဲ့ပါသည်။ ထို့ကြောင့် MWCDF (SSS) အနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) အတွက် ဂုဏ်ယူစွာ ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အစည်းအဝေးအခမ်းအနားတက်ရောက်ခြင်း
အမှတ်တရဓာတ်ပုံရိုက်ကူးခြင်း
အမှတ်တရဓာတ်ပုံရိုက်ကူးခြင်း
အစည်းအဝေးအခမ်းအနား တက်ရောက်ခြင်း
%d bloggers like this: