ဆိုလာဆက်စပ်ပစ္စည်းများလှူဒါန်းခြင်း

(၁၀.၁၀.၂၀၁၉)ရက်နေ့တွင်မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)နှင့် Sowers Action တို့ပူးပေါင်း၍ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့ရှိ လျှပ်စစ်မီးမရှိနိုင်သေးသော စာသင်ကျောင်းများအတွက် ဆိုလာမီးများလှူဒါန်းပွဲကို ကရင်ပြည်နယ်၊ ဘားအံမြို့၊ အ.ထ.က(၄)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ လှူဒါန်းပွဲကို ကရင်ပြည်နယ် အစိုးရ လူမှုရေးဝန်ကြီး၊ ကရင်ပြည်နယ် ပညာရေးမှူး၊ ဗဟိုMWCDFအသင်းမှ တွဲဘက်အတွင်းရေးမှူး နှင့်အဖွဲ့ဝင်များ၊ ကရင်ပြည်နယ်(MWCDF) ဉက္ကဌ နှင့် အလုပ်အမှုဆောင်များ၊ မွန်ပြည်နယ် (MWCDF) ဉက္ကဌ နှင့် အလုပ်အမှု ဆောင်များ၊ ဖိတ်ကြားထားသော ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြပါသည်။

ထို့နောက် ကရင်ပြည်နယ် အစိုးရ လူမှုရေးဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ဗဟို MWCDFအသင်းမှ ဒေါ်ခင်မြဝင်း(တွဲဘက်အတွင်းရေးမှူး) မှ အသင်း၏ ရည်ရွယ်ချက်အကြောင်းကို လည်းကောင်း၊ ဒေါ်နီဆက်တင်ထူး (တွဲဘက်အတွင်းရေးမှူး) မှ လည်း solar မီးတပ်ဆင်ပေးရခြင်း၏ ရည်ရွယ်ချက်ကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် ကရင်ပြည်နယ်မှ ကျောင်းပေါင်း(၈၁)ကျောင်း အတွက် ဆိုလာပစ္စည်းပေါင်း(၁၇၃)စုံ၊ မွန်ပြည်နယ်မှ ကျောင်းပေါင်း(၇)ကျောင်းအတွက် ဆိုလာပစ္စည်း(၁၀)စုံ တို့ကိုပေးအပ်ခဲ့ကြပြီး အခမ်းအနားအား အောင်မြင် စွာပြီးမြောက်ခဲ့ကြပါသည်။

လူမှုရေးဝန်ကြီးမှ အမှာစကားပြောကြားခြင်း
ဆိုလာပစ္စည်းပေးအပ်ပွဲအခမ်းအနား
ဆိုလာပစ္စည်းတပ်ဆင်ပုံကိုရှင်းလင်းပြသခြင်း
ဆိုလာဆက်စပ်ပစ္စည်းများလှူဒါန်းခြင်း
%d bloggers like this: