ပဲခူးမြို့ပေါ်ရှိ သီလရှင်စာသင်တိုက်များသို့ အခြေခံစားကုန်များ လှူဒါန်းခြင်း

၂၀၂၀ခုနှစ်၊ ဇွန် (၁၂)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ် များဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ အသင်းသူအသင်းသားများသည် Covid-19 ကာလနှင့် မိုးဦးကျ ကာလအချိန်၌ ပဲခူးမြို့ပေါ်ရှိ- မဏိဇောတသီလရှင်စာသင်တိုက်၊ သဒ္ဓမ္မဂုဏ်ရည်သီလရှင်စာသင်တိုက်၊ မေတ္တာအေးရိပ်သီလရှင်စာ သင်တိုက်၊ မဇ္ဈိမဂုဏ်ရည်သီလ ရှင်စာသင်တိုက်၊ ဓမ္မစေတီသီရိ မင်္ဂလာသီလရှင်စာသင်တိုက် များမှ သီလရှင်ဆရာကြီး၊ ဆရာလေးများ ဆွမ်းဆန်တော် အလှူခံကြွရောက်ရန် ခက်ခဲမှုရှိနေသည့် အတွက် အထောက်အပံ့ ဖြစ်စေရန်ရည်ရွယ်၍ သီလရှင် စာသင်တိုက်များ သို့ သွားရောက်ပြီး သီလရှင် ဆရာကြီးများထံ နဝကမ္မဝတ္ထုငွေများနှင့် အခြေခံ













