ပညာရေး

မကွေးတိုင်း မြင်းကင်းမူလွန်ကျောင်းတွင် ရေရရှိစေရန်စက်ရေတွင်းတူးဖော်ပေးနေခြင်း

မကွေးတိုင်း မြင်းကင်းမူလွန်ကျောင်းတွင် ရေရရှိစေရန်စက်ရေတွင်းတူးဖော်ပေးနေခြင်း

မြန််မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘ၀မြှင့်တင်ရေးအသင်း(MWCDF)၏ မိတ်ဘက်အဖွဲ့အစည်းဖြစ်သော ဟောင်ကောင်နိုင်ငံ Sowers Action မှ မကွေးတိုင်း၊ မြင်းကင်းမူလွန်ကျောင်းတွင် လှူဒါန်းသည့် ၆လက်မ အကျယ် ပေ ၃၀၀ အနက် စက်ရေတွင်းတူးဖော်ပြီး၊ ရေသန့်စင်ပေးနေပြီဖြစ်ပါသည်။ မကြာမီအချိန်တွင် ဆိုလာပန့် တပ်ဆင်ပြီးပါက ကျောင်းအတွက် ရေအလုံအလောက် သုံးစွဲနိုင်မည်ဖြစ်၍ ဝမ်းသာပီတိဖြစ်ရပါသည်။ စက်ရေတွင်းတူးဖော်ရေးတွင်  MWCDF (မကွေးတိုင်း)အသင်းမှ အလုပ်အမှုဆောင်အဖွဲ့သည်  (၁၆.၈.၁၉ မှ ယနေ့ ၂၄.၈.၁၉) ထိ နေ့စဉ် သွားရောက်ပြီး ကြီးကြပ်ခဲ့ကြပါ သည်။    

မိုင်းပျဉ်းဒေသ ဟိုပုံးမြို့နယ် ပါလှိုင်းအားမာန်သစ် ပရဟိတ ဘက ကျောင်းသို့သွားရောက်လှူဒါန်းခြင်း

မိုင်းပျဉ်းဒေသ ဟိုပုံးမြို့နယ် ပါလှိုင်းအားမာန်သစ် ပရဟိတ ဘက ကျောင်းသို့သွားရောက်လှူဒါန်းခြင်း

၂၂.၀၈.၂၀၁၉ မြန်မာနိုင်ငံ အမျိုးသမီးများ နှင့်ကလေး သူငယ်များ ဘဝမြှင့်တင်ရေး(ရှမ်းတောင်) အသင်း ဥက္ကဌ သုဓမ္မသိင်္ဂီ ဒေါ်ကေသီအောင်နှင့် ဒုဥက္ကဋ္ဌ(၁) တွဲဘက်အတွင်းရေးမှူး အလုပ်အမူဆောင်များ ကဦးဆောင်၍ အလှူရှင်များနှင့်စုပေါင်းကာ မိုင်းပျဉ်းဒေသ ဟိုပုံးမြို့နယ် ပါလှိုင်းအားမာန်သစ် ပရဟိတ ဘက ကျောင်းရှိ ကလေးသူငယ်ပေါင်း (၂၅၀)ဦးကို စားဝတ်နေရေးအဆင်ပြေစေရန်နှင့် ကျောင်းစာများသင်ယူနိုင်ရန် ဆွမ်းဆန်စိမ်းနှင့်ဆန်အလှူပွဲလေးကို အလှူရှင်များကိုယ်စား လှူဒါန်း ရေစက်သွန်းချအမျှပေးဝေခဲ့ပါသည်။ ကလေးများအတွက် ပျော်ရွှင်စွာကစားနိုင်ရန်အရုပ်များ နှင့် ချိုချဉ်များကိုလည်း လှူဒါန်းပေးခဲ့ကြပါသည်။ အလှူရှင်များအတွက် သာဓု သုံးကြိမ်ခေါ်ဆိုတော်မူကြပြီး အပူအပင်ကင်းစွာ ကျန်းမာချမ်းသာကြပါစေ ၁

MWCDFအသင်း၏ ၂၀၁၉ခုနှစ် Project တစ်ခုဖြစ်သော(Library Friendly Project) သြဂုတ်လ စတုတ္ထအပတ် လှုပ်ရှားမှု

MWCDFအသင်း၏ ၂၀၁၉ခုနှစ် Project  တစ်ခုဖြစ်သော(Library Friendly Project)  သြဂုတ်လ စတုတ္ထအပတ် လှုပ်ရှားမှု

(၂၁.၈.၂၀၁၉)ရက်နေ့ တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ Child Fund Korea ကိုရီးယားကလေးသူငယ်ရန်ပုံငွေအဖွဲ့၏ ထောက်ပံ့မှုဖြင့် နေပြည်တော်၊ သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်နှင့်ပူးပေါင်း၍  စာကြည့် တိုက်ခင်တွယ်မှု စီမံကိန်း Library Friendly Project ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ MWCDFအသင်းမှ ဒုဥက္ကဋ္ဌ၊အတွင်းရေးမှူ: နှင့် အဖွဲ့သည် အမျိုးသားစာကြည့်တိုက်၊ စာကြည့်တိုက်မှူ းများက နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ အ.ထ.က(၁၂)မှ ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၀၂)ဦးအား ဖိတ်ခေါ်၍ ပုံပြင်များပြောပြခြင်း၊ ပုံပြင်တွင်ပါ ဝင်သော ဇာတ်ကောင်များအား

မြင်းကင်းကျောင်းရှိ ကျောင်းသား၊သူများအား အာဟာရအဖြစ်ပေါင်မုန့် ၊ကြက်ဥပြုတ်နှင့် ကြက်သားဆန်ပြုတ်ကျွေးမွေးလှူဒါန်းခြင်း

မြင်းကင်းကျောင်းရှိ ကျောင်းသား၊သူများအား အာဟာရအဖြစ်ပေါင်မုန့် ၊ကြက်ဥပြုတ်နှင့် ကြက်သားဆန်ပြုတ်ကျွေးမွေးလှူဒါန်းခြင်း

(၁၆.၈.၂၀၁၉)နေ့တွင် မ​ကွေးတိုင်းMWCDF မှ ဥက္ကဋ္ဌ နှင့် အလုပ်အမှုဆောင်များသည် မြင်​ကင်း​ကျောင်းတွင်​ ရက်​သတ္တပတ်​အာဟာရ​လှုပ်ရှားမှု အနေဖြင့် ကျောင်းသား/သူများအား ပေါင်မုန့်၊ ကြက်ဥပြုတ်နှင့် အာဟာရကြက် သား ဆန်ပြုတ်များ တိုက်ကျွေး​ခဲ့ကြပါသည်။

အ.မ.က(၂)ကျောင်းရှိကျောင်းသူ၊ကျောင်းသားအား ဗလာစာအုပ်နှင့် အာဟာရအဖြစ် ကြက်သားဆန်ပြုတ် ကျွေးမွေး လှူဒါန်းခြင်း

အ.မ.က(၂)ကျောင်းရှိကျောင်းသူ၊ကျောင်းသားအား ဗလာစာအုပ်နှင့် အာဟာရအဖြစ် ကြက်သားဆန်ပြုတ် ကျွေးမွေး လှူဒါန်းခြင်း

(၁၆-၈-၂၀၁၉) ရက်နေ့ နေ့လည်ပိုင်းတွင် ကယားပြည်နယ် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့် တင်ရေးအသင်း(MWCDF)မှ ပြည်နယ်အတွင်းရေးမှူး ဒေါ်ဝင့်ဝင့်ထွေးနှင့် အဖွဲ့ဝင်များသည် လွိုင်ကော်မြို့နယ်၊ နောင်ယားခ ရပ်ကွက်ရှိ အ.မ.က(၂)ကျောင်းသို့ ကျောင်းသူ၊ကျောင်းသား(၂၄၀)အား ဗလာစာအုပ်နှင့် အာဟာရအဖြစ် ကြက်သားဆန်ပြုတ်သွားရောက် လှူဒါန်းခဲ့ ကြပါသည်။

မအူလေးပင် အ.လ.က ကျောင်းသို့သွားရောက်၍ကွန်ပျူတာ(၁)စုံနှင့်ပလပ်စတစ်ထိုင်ခုံ(၁၀)လုံးတို့အား လှူဒါန်းခြင်း

မအူလေးပင် အ.လ.က ကျောင်းသို့သွားရောက်၍ကွန်ပျူတာ(၁)စုံနှင့်ပလပ်စတစ်ထိုင်ခုံ(၁၀)လုံးတို့အား လှူဒါန်းခြင်း

(၂၀.၈.၂၀၁၉)နေ့တွင် MWCDFအသင်းမှ ဒုဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် CECများသည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မအူလေးပင် အ.လ.က ကျောင်းသို့သွားရောက်၍ ဆရာ၊ ဆရာမ များနှင့်တွေ့ဆုံကာ ကျောင်းတွင်လိုအပ်နေသော တန်ဖိုးငွေကျပ်(US$-487)- မြန်မာကျပ်ငွေဖြင့် (၇၃၀,၅၀၀)တန်ဖိုးရှိ ကွန်ပျူတာ(၁)စုံနှင့် ပလပ်စ တစ်ထိုင်ခုံ(၁၀)လုံးတို့အား လှူဒါန်းခဲ့ကြပါသည်။