မကွေးတိုင်း မြင်းကင်းမူလွန်ကျောင်းတွင် ရေရရှိစေရန်စက်ရေတွင်းတူးဖော်ပေးနေခြင်း

မြန််မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘ၀မြှင့်တင်ရေးအသင်း(MWCDF)၏ မိတ်ဘက်အဖွဲ့အစည်းဖြစ်သော ဟောင်ကောင်နိုင်ငံ Sowers Action မှ မကွေးတိုင်း၊ မြင်းကင်းမူလွန်ကျောင်းတွင် လှူဒါန်းသည့် ၆လက်မ အကျယ် ပေ ၃၀၀ အနက် စက်ရေတွင်းတူးဖော်ပြီး၊ ရေသန့်စင်ပေးနေပြီဖြစ်ပါသည်။ မကြာမီအချိန်တွင် ဆိုလာပန့် တပ်ဆင်ပြီးပါက ကျောင်းအတွက် ရေအလုံအလောက် သုံးစွဲနိုင်မည်ဖြစ်၍ ဝမ်းသာပီတိဖြစ်ရပါသည်။ စက်ရေတွင်းတူးဖော်ရေးတွင်  MWCDF (မကွေးတိုင်း)အသင်းမှ အလုပ်အမှုဆောင်အဖွဲ့သည်  (၁၆.၈.၁၉ မှ ယနေ့ ၂၄.၈.၁၉) ထိ နေ့စဉ် သွားရောက်ပြီး ကြီးကြပ်ခဲ့ကြပါ သည်။

 

မြင်းကင်းမူလွန်ကျောင်းတွင် ရေရရှိစေရန်စက်ရေတွင်းတူးဖော်ပေးနေခြင်း
စက်ရေတွင်းတူးဖော်မှု့ကိုကျောင်းသား/သူလေးများစိတ်၀င်တစားကြည့်ရှုနေခြင်း
မြင်းကင်းမူလွန်ကျောင်းတွင် ရေရရှိစေရန်စက်ရေတွင်းတူးဖော်ပေးနေခြင်း

 

မကွေးတိုင်း မြင်းကင်းမူလွန်ကျောင်းတွင် ရေရရှိစေရန်စက်ရေတွင်းတူးဖော်ပေးနေခြင်း
%d bloggers like this: